ဆန်းဆင့်၊ ဦး

ဦးဆန်းဆင့် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားဖြစ်ပြီး အစိုးရဝန်ကြီးဟောင်းနှင့် တပ်မတော် အရာရှိဟောင်း တစ်ဦး ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။[1] ထိုအချိန်က သူသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ရေကြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအနက် တစ်ဦး ဖြစ်သည်။[1][2]


ဆန်းဆင့်
သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၃  ၁၉ ဇွန် ၂၀၁၄
ယခင်လူမြင့်မောင်
ဆက်ခံသူစိုးဝင်း
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၁ ဇန်နဝါရီ ၂၀၁၃
ယခင်လူမရှိ
ဆက်ခံသူတင်စိုး
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၁ ဇန်နဝါရီ ၂၀၁၃
ယခင်လူအခြေခံဥပဒေ စတင်
မဲဆန္ဒနယ်ရေကြည်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၁&#၁၆၀;(၁၉၅၁) (အသက် ၇၀)
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်ခင်မလေး
သားသမီးဥက္ကာဆန်းဆင့်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ- ၂၀၁၀
ရာထူးဗိုလ်ချုပ်

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်မီ ဦးဆန်းဆင့်သည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ဒုတိုင်းမှူးနှင့် စစ်ရာထူးခန့်ချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။[3][4]

အကျင့်ပျက်ခြစားမှုများ

၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဦးဆန်းဆင့်သည် ရန်ကုန်မြို့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ပိုင်ဆိုင်မှု အငြင်းပွားခြင်းအတွက် ပေါ့လျော့စွာ ကိုင်တွယ်ခြင်းကြောင့် သာသနာရေး ဝန်ကြီးအဖြစ်မှ ဖယ်ရှားခြင်း ခံခဲ့ရသည်။[5][6][7] ထိုနေ့မှာပင် ဦးဆန်းဆင့်အား နိုင်ငံပိုင်ငွေ အလွဲသုံးစားပြုမှုဖြင့် တရားစွဲဆိုခံရသည်။[8][9] ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး စိုးဝင်းအား ဝန်ကြီးအဖြစ် အစားထိုးခန့်ထားခြင်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။[10]

၂၀၁၄ ဇူလိုင်လတွင် ဒိက္ခိဏသီရိခရိုင်တရားရုံးမှ ဦးဆန်းဆင့်၏ အာမခံလျှောက်ထားမှုအား ပယ်ချခဲ့သည်။[11] ၂၀၁၄ ဇူလိုင် ၂၂ တွင် ဦးဆန်းဆင့်အား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထပ်မံ တရားစွဲဆိုခံရသည်။[8] ၂၀၁၄ အောက်တိုဘာ ၁၇ တွင် ဦးဆန်းဆင့်အား ဒဏ်ငွေ ၁၀၀,၀၀၀ နှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။[12] ၂၀၁၅ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ဦးဆန်းဆင့်၏ အယူခံဝင်ခြင်းအား လက်ခံကြောင်း ကြေငြာခဲ့သည်။[13]

၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုများဖြင့် တောင်ငူထောင်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရပြီး ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။[14]

မိသားစုဘဝ

ဦးဆန်းဆင့်အား ၁၉၅၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။[15] သူသည် ဒေါ်ခင်မလေးနှင့် လက်ထပ်ခဲ့သည်။ သားဖြစ်သူ ဥက္ကာဆန်းဆင့်မှာ[15] သံတော်ဆင့် သတင်းစာကို ပိုင်ဆိုင်သူဖြစ်သည်ဟု ဆိုသည်။[16]

ကိုးကား

  1. ဝင်းကိုကိုလတ်။ "Hluttaw makes reluctant U San Sint a minister"၊ မြန်မာတိုင်း(မ်)၊ ၄ ဖေဖော်ဝါရီ ၂၀၁၃ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  2. Hobson’s Choice : Burma’s 2010 Elections (PDF)။ 2011။ p. 99။ ISBN 9789744966728
  3. "More Detail on Military Reshuffle Emerges"၊ The Irrawaddy၊ ၃၀ ဩဂုတ် ၂၀၁၀ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  4. မောင်မောင်ဦး။ "Soldiers Seize Impounded Cars"၊ The Irrawaddy၊ ၉ မေ ၂၀၀၁ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး Archived from the original on 7 July 2015။
  5. Supreme Court agrees to hear U San Sint appeal မြန်မာတိုင်း(မ်)
  6. ချယ်ရီသိန်း; ဆုလှိုင်ထွန်း။ "Religious affairs minister was expecting to get axed"၊ မြန်မာတိုင်း(မ်)၊ ၂၀ ဇွန် ၂၀၁၄ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  7. "Minister sacked because he 'refused to follow orders'"၊ The Nation၊ ၂၅ ဇူလိုင် ၂၀၁၄ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  8. ပြည့်သက်ဖြိုး။ "U San Sint slapped with additional sedition charge"၊ မြန်မာတိုင်း(မ်)၊ ၂၅ ဇူလိုင် ၂၀၁၄ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  9. ဆုလှိုင်ထွန်း။ "U San Sint makes emotional plea for freedom at court hearing"၊ မြန်မာတိုင်း(မ်)၊ ၇ ဇူလိုင် ၂၀၁၄ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  10. အိအိတိုးလွင်။ "MPs agree on religious affairs minister replacement"၊ မြန်မာတိုင်း(မ်)၊ ၂၇ ဇူလိုင် ၂၀၁၄ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  11. ပြည့်သက်ဖြိုး။ "U San Sint's bail application rejected"၊ မြန်မာတိုင်း(မ်)၊ ၃၁ ဇူလိုင် ၂၀၁၄ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  12. ပြည့်သက်ဖြိုး; ရဲမွန်။ "MPs draft petition after former minister jailed for 13 years"၊ မြန်မာတိုင်း(မ်)၊ ၁၇ အောက်တိုဘာ ၂၀၁၄ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  13. အောင်ကျော်မင်း။ "Supreme Court agrees to hear U San Sint appeal"၊ မြန်မာတိုင်း(မ်)၊ ၈ ဧပြီ ၂၀၁၅ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  14. ဇော်ဝင်းချစ် (တောင်ငူ)။ "သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် တောင်ငူအကျဉ်းထောင်မှ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်"၊ Eleven Media Group၊ ၂၄ မေ ၂၀၁၇ ၂၄ မေ ၂၀၁၇ တွင် ပြန်စစ်ပြီး Archived from the original on 25 May 2017။
  15. COUNCIL COMMON POSITION renewing restrictive measures against Burma/Myanmar European Union (25 April 2006)။ ၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
  16. ရဲမွန် (၂၅ ဇူလိုင် ၂၀၁၄)။ Magwe court accepts appeal from reporters မြန်မာတိုင်း(မ်)။ ၁၂ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.