ပြည်ထောင်စု လွှတ်တော်
ပြည်ထောင်စု လွှတ်တော်သည် ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း ထူထောင်ထားသည့် ဥပဒေပြု ဌာနဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ရုံးအဆောက်အဦးမှာ မြို့တော် နေပြည်တော်တွင် တည်ရှိသည်။
Assembly of the Union ပြည်ထောင်စု လွှတ်တော် Pyidaungsu Hluttaw | |
---|---|
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် | |
![]() | |
အမျိုးအစား | |
အမျိုးအစား | နှစ်ရပ်ပေါင်းလွှတ်တော် |
လွှတ်တော်များ | အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် |
သမိုင်းကြောင်း | |
တည်ထောင်ခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁ |
ယခင် | ပြည်သူ့လွှတ်တော် (၁၉၇၄-၁၉၈၈) |
ခေါင်းဆောင်များ | |
ဖွဲ့စည်းပုံ | |
အမတ်ဦးရေ | ၆၆၄ အမျိုးသားလွှတ်တော် အမတ် ၂၂၄ ဦး ပြည်သူ့လွှတ်တော် အမတ် ၄၄၀ ဦး |
![]() | |
အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စုများ | NLD (၁၃၅) USDP (၁၁) |
![]() | |
ပြည်သူ့လွှတ်တော် နိုင်ငံရေး အုပ်စုများ | NLD (၂၅၅) USDP (၃၀) |
ရွေးကောက်ပွဲများ | |
အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | ၈ နိုဝင်ဘာ ၂၀၁၅ |
ပြည်သူ့လွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | ၈ နိုဝင်ဘာ ၂၀၁၅ |
ဆွေးနွေးရာနေရာ | |
![]() | |
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော် | |
ဝက်ဘ်ဆိုဒ် | |
myanmarparliament.gov.mm |
![]() |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
မကြာမီက ရွေးကောက်ပွဲများ |
အခြားအကြောင်းအရာများ |
ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော် ၂ ရပ် ပါဝင်သည်။
- ကိုယ်စားလှယ် ၂၂၄ ဦးပါဝင် ဖွဲ့စည်းထားသည့် အမျိုးသားလွှတ်တော်
- ကိုယ်စားလှယ် ၄၄၀ ဦးပါဝင် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။
ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ အမျိုးသားလွှတ်တော်ရှိ လူထုကိုယ်စားလှယ်များ (၁၆၈ ဦး) ၊ ပြည်သူ့လွှတ်တော်ရှိ လူထုကိုယ်စားလှယ်များ (၃၃၀ ဦး) နှင့် လွှတ်တော်နှစ်ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များ (၁၆၆ ဦး) သီးခြားစီ ပါဝင် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့များမှ ရွေးချယ်ထားသော ဒုတိယသမ္မတ ၃ ဦးအနက် တစ်ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။
ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ဒုတိယ သမ္မတများမှာ အမျိုးသား လွှတ်တော်မှ အမည်တင်သွင်းသည့် ရှမ်းလူမျိုး ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စစ်တပ် ကိုယ်စားလည် အစုအဖွဲ့မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်မြင့်ဦးတို့ ဖြစ်ကြသည်။ [1]
ဖွဲ့စည်းပုံအရ လွှတ်တော် သက်တမ်း၏ ပထမ ၃၀ လ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုနာယက လည်း ဖြစ်သည်။ ကျန်ရှိသက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ က နာယကနှင့် ဒုနာယကအဖြစ် တာဝန် ထမ်းဆောင်ရန် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် နာယက သည် နာယက တာဝန်ကို ထမ်းဆောင် နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရမည်။ [2]
ကိုးကား
- Burma ex-Prime Minster Thein Sein named new president
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း။ ၂၀၀၈ စက်တင်ဘာ။ Cite has empty unknown parameter:
|coauthors=
(အကူအညီ);|year=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)