လူမျိုးစုလွှတ်တော်
လူမျိုးစုလွှတ်တော် (အင်္ဂလိပ်: Chamber of Nationalities) သည် ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်၏ အထက်လွှတ်တော် ဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ လူမျိုးစုလွှတ်တော်သည် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လူမျိုးစုများအား ပြည်ထောင်စုအုပ်ချုပ်ရေးတွင် ပါဝင်နိုင်စေရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Chamber of Nationalities လူမျိုးစုလွှတ်တော် Lumyozu Hluttaw | |
---|---|
အမျိုးအစား | |
အမျိုးအစား | ပြည်ထောင်စုလွှတ်တော် (၁၉၄၇) ၏ အထက်လွှတ်တော် |
သမိုင်းကြောင်း | |
တည်ထောင်ခြင်း | ၁၉၄၈ |
ဖျက်သိမ်းခြင်း | ၁၉၆၂ |
ယခင် | မြန်မာ့ဥပဒေပြုလွှတ်တော် |
ဆက်ခံ | ပြည်သူ့လွှတ်တော် (၁၉၇၄-၁၉၈၈) |
အမတ်ဦးရေ | ၁၂၅ |
ရွေးကောက်ပွဲများ | |
နောက်ဆုံး ရွေးကောက်ပွဲ | ၁၉၆၀ |
ဆွေးနွေးရာနေရာ | |
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့ |
လူမျိုးစုလွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာပါဝင်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ ရှမ်းပြည်နယ်အတွက် ၂၅ နေရာ၊ ကချင်ပြည်နယ်အတွက် ၁၂ နေရာ၊ ချင်းဝိသေသတိုင်း (ယခု ချင်းပြည်နယ်) အတွက် ၈ နေရာ၊ ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) အတွက် ၃ နေရာ၊ ကရင်လူမျိုးများအတွက် ၂၄ နေရာနှင့် အင်္ဂလိပ်-မြန်မာကပြားများ အတွက် ၄ နေရာအပါအဝင် အခြားနယ်မြေများ (တိုင်းများအပါအဝင်) အတွက် ၅၃ နေရာ တို့ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း မှ အာဏာသိမ်းပြီးနောက် လူမျိုးစုလွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။
လူမျိုးစုလွှတ်တော် ဥက္ကဋ္ဌများ
- စဝ်ရွှေသိုက် (၁၉၅၂-၁၉၆၀)[1]
- စဝ်ခွန်ကြည် (၁၉၆၀-၁၉၆၂)
ကိုးကား
- Houtman၊ Gustaaf (1990)။ Traditions of Buddhist Practice in Burma။ School of Oriental and African Studies, London University။ p. 275။
- The Constitution of the Union of Burma (1947)။ 30 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-07 တွင် ပြန်စစ်ပြီး။