ဝန်ကြီးများရုံး (ရန်ကုန်)

ဝန်ကြီးများရုံးသည် ဗြိတိသျှခေတ်တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုများ ဆောင်ရွက်ရာ ရုံးအဖြစ်တည်ရှိခဲ့ပြီး ရန်ကုန်မြို့လယ်ဧရိယာတွင် တည်ရှိသည်။ [1]ဝန်ကြီးများရုံးကို ၁၈၀၀ ခုနှောင်းပိုင်းတွင် တည်ဆောက်ခဲ့ပြီး သက်တမ်း ၁၂၀ မျှ ရှိနေပြီ ဖြစ်သည်။ ဝန်ကြီးများရုံးသည် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကတ်ဘိနက်အဖွဲ့ဝင်ဝန်ကြီး ၇ ဦး၊ သက်တော်စောင့် ၁ ဦး စုစုပေါင်း အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရသော နေရာလည်းဖြစ်သည်။ အဆိုပါဝန်ကြီးများရုံးသည် လက်ရှိတွင် ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းတွင်ပါဝင်ပြီး ယခုအခါအကြီးစား ပြန်လည်မွန်းမံမှုများ ပြုလုပ်နေပြီဖြစ်သည်။ ဝန်ကြီးများရုံးကို မြောက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်း၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းတို့ဖြင့် ပတ်လည်ဝန်းရံထားသော ဘလောက်တွင် တည်ဆောက်ထားသည်။[2]

ဝန်ကြီးများရုံး
(အတွင်းဝန်ရုံး)
၁၉၀၀ ခုနှစ်အစောပိုင်း အတွင်းဝန်ရုံး
တည်နေရာဗိုလ်တထောင်ရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ
ကိုဩဒိနိတ်16°46′32″N 96°9′57″E
တည်ဆောက်၁၉၀၅
ရွေးချယ်သတ်မှတ်ခြင်း၁၉၉၆
ဝန်ကြီးများရုံး
(အတွင်းဝန်ရုံး) ၏ တည်နေရာပြမြေပုံ

ပင်မဆောင်ကို ၁၉၀၂ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီး အရှေ့ဘက်နှင့် အနောက်ဘက် အဆောက်အအုံများကို ၁၉၀၅ တွင် တည်ဆောက်ပြီးစီးခဲ့ရာ စုစုပေါင်း မြန်မာကျပ်ငွေ ၂.၅ မီလီယံမျှ ကုန်ကျခဲ့သည်။ [3] ၁၉၇၂ ခုနှစ်ထိ ထိုအဆောက်အအုံအား အတွင်းဝန်များရုံးဟု သုံးနှုန်းခဲ့သည်။ [3]

၂၀၁၂ ခုနှစ် ဝန်ကြီးများရုံးကို တွေ့ရစဉ်

၂၀၁၁ ခုနှစ်တွင် အမျိုးသားရေးဆွေးနွေးဝိုင်းများအကြားတွင် ကိုလိုနီခေတ် အဆောက်အဦများအား ခရီးသွားများ ဆွဲဆောင်ရာနေရာများအဖြစ် ပြောင်းလဲရန် ဆွေးနွေးခဲ့ကြရာ ဝန်ကြီးများရုံးကိုလည်း ဟိုတယ်မဟုတ်ပဲ ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲရန် စမ်းသပ်အစီအစဉ်များဖြင့် လုပ်ဆောင်ခဲ့ကြသည်။ [4]

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် ပြည်ပကုမ္ပဏီ ၃ ခုတို့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဝန်ကြီးများရုံးအား ဟိုတယ်နှင့် ပြတိုက်အဖြစ် ပြုလုပ်ရန် အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်။ [5]

ပြခန်း

ကိုးကား

  1. Burma Under British Rule By Joseph Dautremer, p. 151
  2. Htar Htar Khin။ "Tourism official spurs old buildings debate"၊ Myanmar Times၊ 31 October 2011 9 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 31 March 2012။
  3. Chan Myae Thu။ "Myanmar to lease colonial-era Ministers’ Office in Yangon for business purpose"၊ Eleven News၊ 2011 9 March 2012 တွင် ပြန်စစ်ပြီး
  4. Min Thet။ "Ministers’ Office building will not be transformed into a hotel"၊ Mizzima News၊ 28 October 2011 3 March 2012 တွင် ပြန်စစ်ပြီး
  5. "ဝန်ကြီးဌာန ရုံးဟောင်းများ၊ မြေကွက်များတွင် ဟိုတယ်နှင့် ပြတိုက်ပြုလုပ်ရန် နိုင်ငံခြား ကုမ္ပဏီသုံးခုနှင့် ပြည်တွင်း ကုမ္ပဏီခုနစ်ခုတို့ MIC သို့ အဆိုပြုလွှာတင်ထား" (in Burmese)၊ Weekly Eleven News၊ 1 February 2012 3 March 2012 တွင် ပြန်စစ်ပြီး


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.