နိုင်သက်လွင်

နိုင်သက်လွင် သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ မှ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁အထိ မြန်မာနိုင်ငံ၏ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြစ်သော ဦးထင်ကျော်အစိုးရ နှင့် ဦးဝင်းမြင့်အစိုးရအဖွဲ့ တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[1]

နိုင်

သက်လွင်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
မတ်လ ၃၀ ၂၀၁၆  ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ယခင်လူရာထူးစတင်
ဆက်ခံသူ​စောထွန်း​အောင်မြင့်
မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၀
ကော့ကရိတ်မြို့ကရင်ပြည်နယ်
လူမျိုးမြန်မာနိုင်ငံသား မွန်လူမျိုး
သားသမီးမိကွန်ချမ်း၊ မင်းဗညားစန်း
ပညာရေးဘီအေ (ဒဿနိကဗေဒ)
မိခင်ကျောင်းမော်လမြိုင် တက္ကသိုလ်
အလုပ်အကိုင်ကုန်သည်၊ နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ

အစောပိုင်းဘဝ

နိုင်သက်လွင် သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တွင် ၁၉၄၀ ခုနှစ် တွင် မွေးဖွားသည်။ မွန်လူမျိုး တစ်ဦးဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှ ဘီအေ (ဒဿနိကဗေဒ) ဘာသာရပ်ဖြင့်ဘွဲ့ရခဲ့သည်။[2][3]

နိုင်ငံရေး

နိုင်သက်လွင်သည် ၁၉၅၈ ခုနှစ်တွင် နိုင်ငံရေး သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့စတင်ဖွဲ့စည်းချိန်၊ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ NLD ပါတီက ဦးဆောင်ဖွဲ့စည်းသော အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန (၂၁) ခု ပြင်ဆင်ဖွဲ့စည်းရာ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ရန် မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ (၁) နိုင်သက်လွင်အား သမ္မတဦးထင်ကျော်က အမည်စာရင်းတင်သွင်းလိုက်ခြင်း ဖြစ်သည်။[4]

မိသားစု

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပေါင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း နှင့် မင်းဗညားစန်း တို့၏ ဖခင်ဖြစ်သည်။[5]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.