မော်လမြိုင် တက္ကသိုလ်

မော်လမြိုင်တက္ကသိုလ်သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင်၏ အကြီးဆုံး တက္ကသိုလ်ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည်။ မော်လမြိုင်တက္ကသိုလ်သည် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဖြစ်သည်။ ထိုတက္ကသိုလ်သည် ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။

မော်လမြိုင် တက္ကသိုလ်
Mawlamyine University
ပညာတန်ဆောင် ပြည့်ကျိုးဆောင်အံ့
Enshrine the education, serves the peoples' will

မော်လမြိုင် တက္ကသိုလ်၏ အမှတ်တံဆိပ်
တည်ထောင်ခုနှစ် ၁၉၅၃
ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်
ဒုတိယပါမောက္ခချုပ် ဒေါက်တာ မီမီစိန်
ဒေါက်တာ စန်းစန်းအေး
တည်နေရာ တောင်ဝိုင်းလမ်း၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
ပိုင်ဆိုင်မှု အစိုးရပိုင်
အထိမ်းအမှတ်အရောင် ရွှေဝါရောင်     
အထိမ်းအမှတ်သတ္တဝါ ဟင်္သာ
အားကစားအသင်း Mawlamyine University Badminton Club (MUBC)
Mawlamyine University Judo Club
မော်လမြိုင်တက္ကသိုလ်

သမိုင်း

မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ မော်လမြိုင် ဥပစာကောလိပ် အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ၁၉၆၄ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်အဖြစ် ပြောင်းလဲတိုးမြှင့်ခဲ့သည်။ ထို့နောက် ၁၉၈၆ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်အဖြစ် ပြောင်းလဲတိုးမြှင့်ခဲ့သည်။

ဘာသာရပ်များ သင်ကြားပေးမှု

မြန်မာ့ တက္ကသိုလ်ပညာရေးစနစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များအား အတူတကွ ပေါင်းစည်းထားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်သည် ရိုးရိုးဝိဇ္ဇာဘာသာရပ်များနှင့် သိပ္ပံဘာသာ အထူးပြု ကျောင်းသားများအား ဝိဇ္ဇာဘွဲ့များနှင့် မဟာဘွဲ့များကို ချီးမြှင့်ပေးသည်။ ၎င်းသည် ရိုးရိုး Bachelor Of Art(BA) ဝိဇ္ဇာဘွဲနှင့် Bachelor Of Science(BSc) သိပ္ပံဘွဲ့ ရယူနိုင်ရန်အတွက် သုံးနှစ် အချိန်ပေးရပြီး BA(Hons) နှင့် BSc(Hons) တို့ကဲ့သို့သော ဂုဏ်ထူးတန်း(Honor Degree)များအတွက်ကိုမူ ၄ နှစ်အချိန်ပေးရလေသည်။ ဥပဒေပညာအတွက်မှာမူ ၅ နှစ် အချိန်ပေးရသည်။ မြန်မာနိုင်ငံတွင် အဏ္ဏဝါသိပ္ပံဘွဲ့ချီးမြှင့်သည့် တက္ကသိုလ်မှာ အနည်းငယ်မျှသာရှိသည့်အနက် မော်လမြိုင်တက္ကသိုလ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ်းခြေနှင့် ဆက်စပ်နေသော မြို့တစ်ခုဖြစ်သည့် မော်လမြိုင်မြို့တောင်ဘက် ၆၀ ကီလိုမီတာအကွာတွင် တက္ကသိုလ်၏အဏ္ဏဝါသပ္ပံလက်တွေ့စမ်းသပ်ရန်နေရာတစ်ခု ထားရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးအစားဖြစ်သည်။

ဘာသာရပ်ဘွဲ့မဟာဘွဲ့ပါရဂူဘွဲ့
မြန်မာစာဘီအေ(BA)အမ်အေ(MA)--
အင်္ဂလိပ်စာဘီအေ(BA)အမ်အေ(MA)
ပထဝီဝင်ဘီအေ(BA)အမ်အေ(MA)
သမိုင်းဘီအေ(BA)အမ်အေ(MA)
ဒဿနိကဗေဒဘီအေ(BA)အမ်အေ(MA)
စိတ္တဗေဒဘီအေ(BA)အမ်အေ(MA)
ရုက္ခဗေဒဘီအပ်စီ(BSc)အမ်အပ်စီ(MSc)
ဓာတုဗေဒဘီအပ်စီ(BSc)အမ်အပ်စီ(MSc)
အဏ္ဏဝါသိပ္ပံဘီအပ်စီ(BSc)အမ်အပ်စီ(MSc)PhD
သင်္ချာဘီအပ်စီ(BSc)အမ်အပ်စီ(MSc)
ရူပဗေဒဘီအပ်စီ(BSc)အမ်အပ်စီ(MSc)
သတ္တဗေဒဘီအပ်စီ(BSc)အမ်အပ်စီ(MSc)
ဘူမိဗေဒဘီအပ်စီ(BSc)----
ဇီဝဓါတုဗေဒဘီအပ်စီ(BSc)----
အဏုဇီဝဗေဒဘီအပ်စီ(BSc)----
ဥပဒေပညာLLBLLM--

အုပ်ချုပ်ရေး

အုပ်ချုပ်သူများ စာရင်း (၁၉၅၃ မှ ယခု)

  • ဦးတိုးအောင် (စာရေးဆရာ ကုသ) (၁၉၅၃ခု မတ်လ မှ ၁၉၆၃ ခု ဇူလိုင်လ)
  • ဒေါက်တာဖေသောင်း
  • ဦးလှရွှေ
  • ဒေါက်တာ မန်းသက်စံ
  • ဒေါက်တာမောင်ဒီ (၁၉၇၂ မှ ၁၉၇၇)
  • ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) (မော်လမြိုင် ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး (၁၉၇၇ - ၈၅)၊ မော်လမြိုင် တက္ကသိုလ် ဒုတိယအဓိပတိ (၁၉၈၆ - ၈၈))
  • ဦးတင်ဦးလှိုင်
  • ဦးလှထွန်းအောင်
  • ဒေါက်တာလှဖေ
  • ဦးကြည်ဝင်း
  • ဦးစန်းတင့်
  • ဦးမြသိန်း(ဒုတိယပါမောက္ခချုပ်ဖြင့် တာဝန်ယူအုပ်ချုပ်)
  • ဦးစောဟန်ရှိန်
  • ဦးထွန်းသိန်း
  • ဒေါက်တာဌေးအောင်
  • ဒေါက်တာအောင်မြတ်ကျော်စိန် တို့ဖြစ်ကြသည်။

အဆောက်အဦးများ

မော်လမြိုင်တက္ကသိုလ်၏အဓိကဝင်ပေါက် အဓိပတိလမ်းမ

အရေးကြီးသော အဆောက်အဦးများ

  • ဗညားဒလ ဆောင်
  • ရာမည ဆောင်
  • ဘွဲ့နှင်းသဘင်ခန်းမ
  • တက္ကသိုလ်ဆေးရုံ
  • စက်စဲ အဏ္ဏဝါသိပ္ပံသုတေသနစင်တာ
  • တက္ကသိုလ်အားကစားခန်းမ
  • တက္ကသိုလ်စာကြည့်တိုက် - တက္ကသိုလ်စာကြည့်တိုက်အဖြစ် ၃ထပ် စာကြည့်တိုက်အား ဇန်နဝါရီလ ၂၀၀၄ ခုနှစ်တွင် ပြီးစီး၍ စာစောင်၊ စာအုပ်ပေါင်း ၁၀၆, ၀၀၀ ခန့် ထားရှိပြီးဖြစ်သည်။

အပြည်ပြည်ဆိုင်ရာဆက်နွယ်မှု

သုတေသန

  • Songkla မင်းသား တက္ကသိုလ်[1]
  • Silliman တက္ကသိုလ် - မော်လမြိုင်တက္ကသိုလ် သည် ဖိလစ်ပိုင်နိုင်ငံ Silliman တက္ကသိုလ်နှင့်သုတေသနနှင့်ပညာရေး ချိတ်ဆက်ချက်များ ရှိပြီးဖြစ်သည်။ [2]
  • Scripps Institution of Oceanography[1]
  • တိုကျိုအဏ္ဏဝါသိပ္ပံနှင့်နည်းပညာတက္ကသိုလ် - မော်လမြိုင်တက္ကသိုလ် သည် တိုကျိုအဏ္ဏဝါသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့်အပြည်ပြည်ဆိုင်ရာ လဲလှယ်သဘောတူညီချက်များ ရှိပြီးဖြစ်သည်။[3][4]
  • သဘာဝအရင်းအမြစ်နှင့်ဘဝကသိပ္ပံတက္ကသိုလ်, ဗီယင်နာ[1]

သင်ကြားရေး

  • BABSEACLE ဥပဒေရေးရာပညာရေးဖောင်ဒေးရှင်း[5]
  • ကော်နဲလ်တက္ကသိုလ်[1]
  • နယူးဆောက်သ်ဝေးလ်စ် တက္ကသိုလ်[6]

ကျောင်းသားဖလှယ်ရေး

  • Hosei တက္ကသိုလ်[1]
  • အင်ဒီယားနားတက္ကသိုလ် - Purdue တက္ကသိုလ် ဖို့တ်ဝိန်း (IPFW)[7]
  • ခွန်ကန် တက္ကသိုလ် (Khon Kaen University)[8]
  • တိုကျိုတက္ကသိုလ်[1]

ထင်ရှားသောဆရာဟောင်းများ

ထင်ရှားသောကျောင်းသားဟောင်းများ

ကိုးကား

  1. https://www.myanmar-edu.org/mueucap-university-mawlamyine
  2. Linkages & Partnerships | Silliman University (in en-US)။
  3. "Myanmar Seminar - Overseas Partner Institutions, University of Yangon and Mawlamyine University -:東京海洋大学" (in ja)၊ Myanmar Seminar - Overseas Partner Institutions, University of Yangon and Mawlamyine University -:東京海洋大学
  4. Academic Exchange Agreements - 東京海洋大学
  5. Mawlamyine University Law Department’s Ambitious Clinical Legal Education (CLE) Plan - BABSEACLE
  6. Myanmar — Football United
  7. An Evening Conversation with Mawlamyine University students – Fort Wayne Sister Cities
  8. มข.ต้อนรับ Mawlamyine University จาก เมียนมา
  9. Gill, Mohana (2013). Myanmar: Cuisine, Culture, Customs. Marshall Cavendish International Asia Pte Ltd. p. 41.
  10. Philosophy Writer Nanda Thein Zan Passes Away
  11. Meet Burma’s Next Cabinet
  12. ပြည်ထောင်စုလွှတ်တော်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.