မောင်သင်း

ဒေါက်တာမောင်သင်းသည် တက္ကသိုလ်ဆရာတစ်ဦးဖြစ်ပြီး လက်ရှိတွင် မိတ္ထီလာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

မောင်သင်း

ဒေါက်တာ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်မိတ္ထီလာမြို့နယ်
အနိုင်ရမဲ အရေအတွက်၉၆၃၁၄ (၅၈.၈၀%)[1]
မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်
တာဝန်သက်တမ်း
၆ မေ ၂၀၁၄  ၃၁ ဇူလိုင် ၂၀၁၅
ယခင်လူဒေါက်တာခင်ဆွေမြင့်
ဆက်ခံသူဒေါက်တာစောပြုံးနိုင်
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်
တာဝန်သက်တမ်း
၂၇ ဇွန် ၂၀၁၈  ၆ မေ၂၀၁၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1955-04-13) ၁၃ ဧပြီ၊ ၁၉၅၅
မြန်မာနိုင်ငံ
လူမျိုးဗမာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မိဘဦးမာစီ(ဖခင်)
နေထိုင်ရာ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရန်ကုန်မြို့
မိခင်ကျောင်း
အလုပ်အကိုင်ပါမောက္ခချုပ် (ငြိမ်း)၊နိုင်ငံရေးသမား

ပညာရေး

ဆရာမောင်သင်းမှာ အခြေခံပညာကို သနပ္ပင်မြို့တွင်သင်ကြားခဲ့သည်။ ရုက္ခဗေဒအထူးပြုဖြင့် မော်လမြိုင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ်တို့တွင် ၁၉၇၃ မှ ၁၉၈၃ အထိ သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့များ ရရှိခဲ့သည်။[2] ၁၉၈၅ မှ ၁၉၈၉ အထိ ဂျာမနီနိုင်ငံ၊ မားဘတ်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံ ဂျာဒါဗျူတက္ကသိုလ်တွင် ၂၀၀၇ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ခရိုင်ရိုဘိုင်အိုလော်ဂျီ ဘာသာရပ်ကို ဘွဲ့လွန်သင်တန်းတက်ခဲ့သည်။ တဖန် ၁၉၉၆၊ ၁၉၉၉၊ ၂၀၀၁ ခုနှစ်များတွင်လည်း မားဘတ်တက္ကသိုလ်တွင် ဘွဲ့လွန်သုတေသနတန်းများ တက်ရောက်ခဲ့သည်။

ပညာရေးဝန်ထမ်း

ဒေါက်တာမောင်သင်းသည် ၁၉၈၀ မှ ၁၉၈၁ ခုနှစ်အထိ ရန်ကုန်ဆေးတက္ကသိုလ် ၁ ၊ ရုက္ခဗေဒဌာနတွင် သရုပ်ပြအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၈၂ ခု ဇန်နဝါရီ ၁ ရက်မှ ၁၉၉၂ ခု ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်တွင် သရုပ်ပြ၊ လက်ထောက်ကထိက ရာထူးများဖြင့် အလုပ်လုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၂၀၀၀ ခုနှစ်မေလ ၂၁ ရက်နေ့အထိ မော်လမြိုင်တက္ကသိုလ်တွင် လက်ထောက်ကထိက၊ ကထိကရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၀၁ ခု ဒီဇင်ဘာ ၁၁ ရက်နေ့အထိ တောင်ငူတက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ၊ ၂၀၀၁ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၀၅ နိုဝင်ဘာ ၂၁ ရက်နေ့အထိ မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဖြစ်လာသည်။ ထိုအတောအတွင်း ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ မတ်လ ၁၄ ရက်နေ့အထိ မားဘတ်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၀၀၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရတနာပုံတက္ကသိုလ်၏ဒုတိယပါမောက္ခချုပ်၊ ၂၀၀၇ ဧပြီ ၁ ရက်မှ ၂၀၀၈ ဇွန် ၂၆ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်မှ ၂၀၁၄ မေလ ၆ ရက်နေ့အထိ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်၊ ၂၀၁၄ ခုနှစ် မေလ ၆ ရက်နေ့မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၈ မတ်လက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာအတွက် ယှဉ်ပြိုင်ခဲ့သော်လည်း ဦးထွန်းထွန်းဟိန်မှာ ဒုတိယဥက္ကဋ္ဌ ဖြစ်သွားသည်။

ကိုးကား

  1. Votes Records (in en)။ mypilar.org 8 October 2017 တွင် ပြန်စစ်ပြီး။
  2. • Open Myanmar Initiative

ပြင်ပလင့်ခ်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.