ရွှေလီ
ရွှေလီ ကို တရုတ်ဘာသာအားဖြင့် (simp.: 瑞丽市; trad.: 瑞麗市; Pinyin: Ruìlì Shì) ဟုခေါ်ဆိုပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်အတွင်းရှိ ကောင်တီအဆင့်ရှိ မြို့ တစ်မြို့ ဖြစ်သည်။ မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်သော နယ်ခြားမြို့ ဖြစ်သည်။ ဧရိယာ စတုရန်းကီလိုမီတာ (၁၀၂၀) (၃၉၃,၈ စတုရန်းမိုင်) ကျယ်ဝန်းသည်။
ရွှေလီမြို့ 瑞丽市 | |
---|---|
ကောင်တီအဆင့်မြို့ | |
Ruili | |
ရွှေလီမြို့ | |
ကိုဩဒိနိတ်: 24°01′N 97°51′E | |
နိုင်ငံ | တရုတ် |
ပြည်နယ် | ယူနန်ပြည်နယ် |
ခရိုင် | တယ်ဟုန်ခရိုင် |
ဧရိယာ | |
• စုစုပေါင်း | ၁၀၂၀ စတုရန်းကီလိုမီတာ (၃၉၀ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၇၇ မီတာ (၂၅၄၉ ပေ) |
လူဦးရေ | |
• စုစုပေါင်း | ၁၄၀၀၀၀ |
• သိပ်သည်းမှု | ၁၄၀/km၂ (၃၆၀/sq mi) |
အချိန်ဇုန် | တရုတ်စံတော်ချိန် (UTC+8) |
စာပို့သင်္ကေတ | ၆၇၈၆၀၀ |
ဧရိယာကုဒ်(များ) | ၀၆၉၂ |
ဝက်ဘ်ဆိုဒ် | www.rl.gov.cn www.rlr.gov.cn |
ရွှေလီ(သို့မဟုတ်)မိုင်းမော
ရွှေလီမြို့ကို ရှေးယခင်က မိုင်းမောမြို့ ဟုခေါ်ဆိုသည်။ တရုတ်ဘာသာစကားအားဖြင့် မွင့်မောင်ဟု အသံထွက်ရပါသည်။ ယခုအမည်ဖြစ်သော ရွှေလီကို တရုတ်ဘာသာစကားအားဖြင့် ရွေ့လိ ဟုခေါ်ဆိုသည်။ ရွေ့မှာ ကံကောင်းခြင်း ဟု အဓိပ္ပါယ်ရပြီး၊ လိမှာ လှပခြင်း ဟု အဓိပ္ပါယ်ရသည်။
ပထဝီဝင်အနေအထား
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောမြို့ ဖြစ်သည်။ လူဦးရေ၏ ၆၄% မှာ တောင်ပေါ်နေတိုင်းရင်းသား (၅)မျိုးတို့ဖြစ်ကြသည်။ ရှမ်းလူမျိုး၊ ဂျိန်းဖော့လူမျိုး၊ ဒယ်အန်လူမျိုး၊ လီဆူးလူမျိုးနှင့် အာချန်လူမျိုးတို့ဖြစ်ကြသည်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့ ဖြစ်သည်။ [1][2]
လူဦးရေနှင့်လူမျိုးများ
တရုတ် လူမျိုးနှင့် ရှမ်းလူမျိုးများသည် မြို့တွင်း ချိုင့်ဝှမ်းဒေသတွင် နေထိုင်ကြပြီး ဂျိန်းဖော့လူမျိုးနှင့်ပလောင်တအာင်းတို့သည် မြို့ဆင်ခြေဖုံးဒေသများတွင် နေထိုင်ကြသည်။ လူဦးရေ ၁၄၀,၀၀၀ ခန့်ရှိသည်။
စက်မှုဇုန်များ
- ဝမ်တိန် နယ်ခြားကုန်သွယ်မှုဇုန်
- ရွှေလီ နယ်ခြားကုန်သွယ်မှုဇုန်
ကိုးကား
- Yunnan’s Sin City, The Irrawaddy, January 2005
- Sex, Drugs and The Roll of Dice, Time Asia, September 27, 1999
ပြင်ပလင့်ခ်များ
- Ruili City Official Website Archived 25 July 2008 at the Wayback Machine.
- Ruili Municipal People's Government Archived 6 March 2010 at the Wayback Machine.
- Article about Ruili's economy