ဂေါ်ရခါးလူမျိုး

ဂေါ်ရခါးလူမျိုး(နေပါလီလူမျိုး)း(အင်္ဂလိပ်: Gurkhas; နီပေါ: गोर्खा; /ˈɡɜːrkə/ သို့မဟုတ် /ˈɡʊərkə/) သည် နေပါလီ လူမျိုး ဖြစ်သည်။ ရှေးကာလကပင် ဗြိတိသျှစစ်တပ်များတွင် စုဆောင်းဖွဲ့စည်း၍ ဂေါ်ရခါးတပ်ဟူ၍ သီးခြားထူထောင်ခဲ့သည်။ ဂေါ်ရခါးများတွင် ခူကူရီးခေါ် လေးလံသော ဓားကောက်ကို ဆောင်ထားလေ့ရှိသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် ဂေါ်ရခါး အရပ်သားများ နေထိုင်ကြသည်။ နွားမွေးခြင်း၊ နွားနို့နှင့် ဒိန်ခဲထောပတ် ပြုလုပ်ခြင်း၊ သီးနှံ့စိုက်ပျိုးခြင်း၊ မုန့်ပဲသရေစာ ပြုလုပ်ခြင်းဖြင့် အသက်မွေးလေ့ရှိသည်။[1]

ကလောမြို့မှ ဂေါ်ရခါးလူမျိုး ကလေးငယ်တစ်ဦး

ဂေါ်ရခါးလူမျိုး ၉၀ % သည် ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ [2]

အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် ဂေါ်ရခါး စစ်သည်တော် တစ်ဦး ဖြစ်သည်။ ဂေါ်ရခါးလူမျိုးသည်နယ်ချဲ့ ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်း တွင် စွန့်စွန့်စားစားပါဝင်ခဲ့သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.