မကန်းလူမျိုး

မကန်းလူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်း ချင်းပြည်နယ် တောင်ပိုင်းတွင်တည်ရှိသည်။ မင်းတပ်မြို့နယ်တွင် မွင်း(mon)လူမျိုးများနှင့် အတူတကွ နေထိုင်ကြသည်။ ယဉ်ကျေးသိမ် မွေ့သောလူမျိုးများ ဖြစ်သည်။ ဏာန်းနယ်မြေတွင် ထင်ရှားသောတောင်တန်းနှစ်ခု ရှိသည်။ (yan pa)ရန်ပါနင့် မိုးပီးတောင် ဖြစ်သည်။ ရန်ပါတောင်တန်းကြီးသည် ဏာန်းလူမျိုးများ၏ ပျော်မွေ့ရာ တောင်တန်းကြီး ဖြစ်သည်။ (zan -ဆိုသည်မှာ ညီညာကျယ်ပြန်ပြီး၊ pa-မှာအဖေ၊ အထီး၊ ယောက်ျားဟု အဓိပ္ပါယ်ရသည်။ မိုးပီးတောင်သည် (mopichung)နတ်များ၏ တံခါးဝဟု အဓိပ္ပါယ်ရပါသည်။ မိုးပီးတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအကြီးဆုံး တောင်ဖြစ်သည်။ ရန်ပါတောင်တန်းကြီးကို အင်္ဂလိပ်လက်ထက်တွင် တပ်စခန်းများအဖြစ် အသုံးပြုခဲ့ကြသည်။ ဏာန်းလူမျိုးများသည် နတ်ပဆိုင်းများကို ကိုးကွယ်ခဲ့ကြသည်။ ရှေးယခင်က(mon) နယ်မြေတွင် မိုးရည်ရှားပါးမူဖြစ်ခဲ့ရာ ဟီးလောင်ကျေးရွာမှ နတ်ဆရာ(မာန်ထန်း)မှ နတ်တင်ပူဇော်ပသရာတွင် မအောင်မြင်ခဲ့ပေ၊ ထိုအချိန်တွင်(zan pa ) ခေါ် တောင်တန်းသို့ ရောက်လာပြီး ဏာန်းတို့၏ နတ်ဆရာ(ခေါ်ဟုန်း)နဲ့ တွေ့ပြီး နတ်အတူတင်ခဲ့ကြပါသည်။ ကျောက်ခဲများကို စနစ်တကျစီကာ ထိုကျောက်ပေါ်တွင် နွားနောက်၊ ဝက်၊ ကြက်တို့ကို သတ်၍ ကောင်းကင်ကြည့်ပြီး အကြီးဆုံးသောဘုရားဟု တိုင်တည်၍ နှစ်ဦးစလုံးမှ တောင်းခံခဲ့ကြရာ မိုးရေကို ရရှိကြသည်။ ထိုကြောင့် ထို အထိမ်းအမှတ်အဖြစ် တောင်ယာကို စတင်မီးရှို့ရန် နတ်များက စေခိုင်းသည်ဟုဆိုကာ ဏာန်းလူမျိုးများထဲတွင် ကြုတ်ရွာ၌ စတင်ကာ ဟီးလောင်ရွာတွင် ဒုတိယမီးရှို့ခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ ဏာန်းလူမျိုးများသည် မွန်လူမျိုးများနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြသည်။ ဏာန်းလူမျိုးများသည်လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် ခုနှစ်နောက်ပိုင်းတွင် ဒိုင်လူမျိုးမှ ခွဲထွက်လာကြသည်။ ရှေးယခင်က မင်းတပ်နယ်တွင် ဒိုင်လူမျိုး မရှိပါ၊၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ပလက်ဝနယ်မှာ စတင်၍ လာခဲ့သည်၊၊ ပြီးနောက် မင်းတပ်မြို့နယ်တွင် စတင်လာကြပါသည်၊၊ မင်းတပ်နယ်တွင် စကားပုံရှိပါသည် (mon la kaang kcho la vai) ဟူ၍ စာဆိုခဲ့ကြသည်၊။ အဓိပ္ပါယ်မှာ(မွန်လူမျိုးနဲ့ ဏာန်းလူမျိုး၊ ချိုးလူမျိုးနဲ့ ဗမာလူမျိုး)ဟု ဖြစ်သည်၊။

  • မကန်း ကို "ဏာန်း" ဟူ၍ အသံထွက်ဖက်ရန်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.