မရမာကြီးလူမျိုး
မရမာကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၃၅ မျိုးထဲမှ လူမျိုးစုတစ်ခု ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း တောင်တန်းဒေသများတွင် နေထိုင်သည်။
မရမာ | |
---|---|
Marma Dance | |
လူဦးရေ စုစုပေါင်း | |
(၂၁၀,၀၀၀) | |
အများစု နေထိုင်သည့် နေရာ | |
ဘင်္ဂလားဒေ့ရှ်: Bandarban, Khagrachari, Patuakhali District and Barguna Districts | ၁၅၇,၃၀၁ |
မြန်မာ: ရခိုင်ပြည်နယ် | မသိရ |
အိန္ဒိယ: သီရိပူရ | မသိရ |
ဘာသာစကား | |
ရခိုင်ဘာသာစကား | |
ကိုးကွယ်မှု | |
ထေရဝါဒ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ရခိုင်လူမျိုး | |
မြန်မာနိုင်ငံမှ တရားဝင် အသိမှတ်ပြုထားသည့် ၁၃၅ မျိုးသော တိုင်းရင်းသားတစ်ခုဖြစ်သည်။ |
ဘုရင့်နောင်မင်းတရားကြီးနတ်ရွာစံပြီးနောက် နန်းတက်သည့်သားတော် နန္ဒဘုရင်လက်ထက်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးသည် ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ပူးပေါင်းလုပ်ကြံခဲ့သဖြင့် ပျက်စီးသွားခဲ့ရ၏။ ရခိုင်တို့သည် ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ခဲ့သည့် ကမ္ဘောဇသာဒီနန်းတော်ကြီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘုရင့်နောင်မင်းတရားကြီး၏ ဆွေတော်မျိုးတော်မင်းညီမင်းသားများကို ဖမ်းဆီး၍ရခိုင်၊ ထိုမှတဆင့် ထိုအချိန်ကရခိုင်ပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသသို့ ပို့ဆောင်ခဲ့သည်။ ထိုသူတို့မှဆင်းသက်ပေါက်ဖွားလာကြသူများကို မရမာကြီးဟုခေါ်ဆိုကြပြီး ယခုအခါတွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထင်အရှားနေထိုင်လျှက်ပင်ရှိကြသေးသည်။[1]
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.