မိုင်းသာလူမျိုး

တိဗက်-မြန်မာနှင့်ထိုင်းတရုတ်အုပ်စုတို့ပေါင်းစပ်ထားသော အုပ်စုဝင်ဖြစ်၍ မရူ-အဇီ အုပ်စုသည် မူရင်းမိုင်းသာသျှမ်းမှ ကွဲထွက်လာသည်။ မိုင်းသာလူမျိုးကို အချို့က တႆးသႃ ရှမ်းတရုတ်(ဝါ)တိုင်းဆာသျှမ်း(ဝါ)ပန်းပဲသျှမ်း(ဝါ)အာချန်သျှမ်း ဟုခေါ်ဆိုကြသည်။ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းနယ်တွင် ၎င်းတို့ကို ရှမ်းတရုတ် ဟုခေါ်ကြ၍ ရှမ်းပြည်အရှေ့ပိုင်းနယ်များတွင်မူ သျှမ်းမိုင်းသာဟုခေါ်ကြသည်။ သျှမ်းမိုင်းသာ (ရှမ်းတရုတ်) တို့ကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နှစ်နယ်စလုံးတွင် ဗန်းမော်၊ မြစ်ကြီးနား၊နမ်းခမ်းနှင့် ကျိုင်းတုံဒေသတို့ ၄နေရာခွဲ၍ တွေ့ရသည်။ ရှမ်းပြည် အရှေ့မြောက်ပိုင်း နမ်းခမ်းနယ်၊ တရုတ်-မြန်မာ နယ်ခြားကျောက်တိုင်အမှတ် (၄၂) အနီး ရွှေလီမြစ် ဝဲယာ ကမ်းတစ်လျှောက်ရှိ ကျေးရွာတို့ကား မိုင်းသာ (ရှမ်းတရုတ်) တို့ အများဆုံး အခြေစိုက်ရာအရပ်များဖြစ်ကြသည်။ တရုတ်နိုင်ငံ ယူနန်နယ်အတွင်း၌လည်း နေထိုင်ကြသည်။ ၁၉၃၁ခုနှစ် သန်းကောင်စာရင်းအရ လူဦးရေ ၂၉,၁၈၃ ဖြစ်လေသည်။ မိုင်းသာလူမျိုးတို့ပြောသောစကားမှာ ရှမ်းလည်း မဟုတ်၊ မြန်မာလည်း မဟုတ် ရှမ်းနှင့်မြန်မာစကားနှစ်မျိုးလုံးပါသော စကားမျိုး ဖြစ်သည်။ မိုင်းသာအမျိုးသမီးတို့၏ ဆင်ယင်ထုံးဖွဲ့မှုမှာ ဦးခေါင်းတွင် စစ်ကြိုခေတ်က မြန်မာအမျိုးသမီးများ ဆံထုံးကြီးကြီးထုံးထားဘိသကဲ့သို့ အဝတ်ဖြင့် ရစ်ပတ်ထုံးဖွဲ့ထားကြသည်။ [1] [2] [3] [4]

သျှမ်းမိုင်းသာ/တႆးသႃ
မိုင်းသားအမျိုးသမီး ဝတ်စုံ
လူဦးရေ စုစုပေါင်း
~၂၉,၀၀၀
အများစု နေထိုင်သည့် နေရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်တွင် အများဆုံးနေထိုင်၊ မြန်မာနိုင်ငံတွင် အနည်းငယ်
ဘာသာစကား
Achang, Xiandao (SIL, khan31tao31)
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာတာအိုဘာသာနှင့် ရိုးရာကိုးကွယ်မှု

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. မောင်ပုဆိုးကြမ်း ရေးသည့် တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ
  3. 阿昌之乡,张志品
  4. Achang


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.