တိုင်းလေ့လူမျိုး

         တိုင်းနေလူမျိုးများသည် မွန်ဂိုလွိုက်အနွယ် ထိုင်းတရုတ်အုပ်စုမှ ပေါက်ဖွားဆင်းသက် လာသူများဖြစ်ပါသည်။ တိုင်းလေရှမ်းလူမျိုးများသည် (၁)ရာစုခန့်မှစ၍ ရှမ်းပြည်ထောင်စု နန်ချောင်နိုင်ငံတော်ဒေသတွင် နေထိုင်ခဲ့ကြသည်။ နန်ချောင်နိုင်ငံကို မြန်မာ့သမိုင်းတွင် ဂန္ဓာလတိုင်း၊ ဂန္ဓာရာဇ်တိုင်း၊ ဂန္ဓာရာဇစ်ပြည်ဟု အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။

နောက်ခံသမိုင်း

         ခရစ်သက္ကရာဇ် (၁၂၅၂)ခုနှစ်တွင် မွန်ဂိုတို့၏ စစ်ဘေးဒဏ်ကြောင့် နန်ချောင်နိုင်ငံဒေသ တွင် နေထိုင်ကြသော တိုင်းလေရှမ်းလူမျိုးတို့သည် ယခင်ယိုးဒယား (ထိုင်း)သို့လည်းကောင်း၊ မြန်မာပြည်သို့လည်းကောင်း၊ အင်ဒိုချိုင်းနားသို့လည်းကောင်း စသည့်နေရာဒေသများသို့ ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

တိုင်းနေ(ခ)တိုင်းလေ၏ ဝေါဟာရအဓိပ္ပာယ်

တိုင်းလေဟူသော ဝေါဟာရမှာ ရှမ်းစကားဖြစ်ပြီး မြန်မာဘာသာအားဖြင့် အထက်ရှမ်း ဟု အဓိပ္ပာယ်ရသည်။ အချို့သော ရှမ်းတို့က “တိုင်းနေ”ဟု ခေါ်ကြသည်။ တိုင်းလေနှင့် တိုင်းနေဟူသော ဝေါဟာရမှာ အဓိပ္ပာယ်အတူတူပင် ဖြစ်လေသည်။ ရှမ်းလူမျိုးတို့သည် ရောက်ရှိသော နေရာဒေသကို အမှီပြု၍သော်လည်းကောင်း၊ နီးစပ်ရာမြစ်ချောင်း၏ အမည်ကို အမှီပြု၍သော်လည်းကောင်း၊ ရိုးရာဝတ်စုံ၏အရောင်အဆင်းကို အစွဲပြု၍သော်လည်းကောင်း ၎င်းတို့၏ လူမျိုးနာမည်ကို ပြောင်းလဲမှည့်ခေါ်လေ့ရှိသည်။ မြောက်ပိုင်းဒေသကို ရှမ်းများက အထက်အရပ်ဟူ၍လည်းကောင်း၊ မြောက်အရပ်ဟူ၍လည်းကောင်း ခေါ်ကြသည်။ ထိုမြောက်ပိုင်း ဒေသ သို့မဟုတ် အထက်ပိုင်းဒေသတွင် နေထိုင်ကြသော ရှမ်းများကို တိုင်းနေ (ခေါ်) တိုင်းလေ ဟု ခေါ်သည်။


ကိုးကားသည့်စာအုပ်များ

-ဦးချစ်ရွှေ၊ ဦးစောကွယ်ဟိုပ (တိုင်းခမ်းတီစွယ်စုံသုတရေးရာ)

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.