မြန်မာ့ရှေ့ဆောင်ဘဏ်
မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် (၄)ခု အနက်မှ တစ်ခုဖြစ်သည်။ ပိုင်ဆိုင်သူမှာ ထင်ရှားသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ခိုင်ဖြစ်ပြီး ဧဒင်ဂရု စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်သူဖြစ်သည်။ နေပြည်တော်ရုံးချုပ်မှာ အမှတ် (၁၀)၊ အဆင့်မြင့်ဈေး၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိသည်။
![]() | |
အမျိုးအစား | ပုဂ္ဂလိကပိုင် |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၂ ဇူလှိုင် ၂၀၁၀ |
ဌာနချုပ် | ရန်ကုန်၊ ![]() |
အရေးပါ ပုဂ္ဂိုလ်များ | ဦးချစ်ခိုင် (ဧဒင်ဂရု) |
အလုပ်သမားဦးရေ | ၂၄၇၈[1] (၂၀၁၄) |
ဝက်ဘ်ဆိုက် | mabbank.com |
၂၀၁၉ ခုနှစ် နိုဝင်ဘာလထိ နိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၉၈ ခုထိ ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။
ကိုးကား
- "The Myanmar Times Bank Survey 2014"၊ Myanmar Times၊ 15 July 2014။ 8 February 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.