မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(အင်္ဂလိပ်: Myanma Investment and Commercial Bank; အတိုကောတ် MICB)သည် နိုင်ငံတော်ပိုင် ဘဏ်တစ်ခု[1]ဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဘဏ်ခွဲများထားရှိသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည် စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းငွေကြေးကို စီးပွားရေးလုပ်ငန်းများအတွက် ချေးငှားခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကအားဖြင့် လုပ်ဆောင်သည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံခြားငွေများကို ထိန်းသိမ်းခြင်းဆောင်ရွက်သည်။[2] မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည်လည်း နိုင်ငံခြားသားများ ရင်းနှီးမြှပ်နှံမှုအတွက် ဘဏ်အကျိုးတော်ဆောင်အဖြစ် ကြားဝင်ဆောင်ရွက်ပေးသည်။[2]
![]() | |
အမျိုးအစား | နိုင်ငံတော်ပိုင်ဘဏ် |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၁၅ ဖေဖော်ဝါရီ ၁၉၉၆ |
ဌာနချုပ် | အမှတ်၊ ၁၇၀-၁၇၆၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်၊ ![]() |
ဝက်ဘ်ဆိုက် | micb.gov.mm |
၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်အား မြန်မာ့စီးပွားရေးဘဏ်မှ ခွဲ၍တည်ထောင်ခဲ့ပြီး၊ ယင်း ဥပဒေနှင့် အညီ နိုင်ငံတကာ ဘဏ်လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိသော နိုင်ငံတော်ပိုင် ဘဏ်တစ်ခု ဖြစ်သည်။[1]
ကိုးကား
- Myanma Foreign Trade Bank။ Ministry of Finance and Revenue (2015)။ 8 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2015 တွင် ပြန်စစ်ပြီး။
- Nehru၊ Vikram (April 2015)။ Developing Myanmar’s Finance Sector to Support Rapid, Inclusive, and Sustainable Economic Growth။ Asian Development Bank။ 1 July 2015 တွင် ပြန်စစ်ပြီး။