ပထမပုဂ္ဂလိကဘဏ်လီမိတက်

ပထမပုဂ္ဂလိကဘဏ် လီမိတက်ကို ၁၉၉၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိပြီး ၁၉၉၂ ခုနှစ် မေလ ၅ ရက်နေ့တွင် လုပ်ငန်းများ စတင်လည်ပတ်ခဲ့သည်။ ရုံးချုပ်သည် အမှတ် (၆၁၉-၆၂၁)၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလထိ ဘဏ်ခွဲပေါင်း (၂၆) ဘဏ် ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။

ပထမပုဂ္ဂလိကဘဏ်
First Private Bank
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၅ မေ ၁၉၉၂
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဒေါက်တာ စိန်မောင် (ဥက္ကဋ္ဌ)
ဝက်ဘ်ဆိုက်firstprivatebank.com.mm
ဆောင်ပုဒ်စစ်စစ်မှန်မှန် "ပထမပုဂ္ဂလိကဘဏ်"

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.