ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ဒဂုံမြို့သစ်အရှေ့ပိုင်းသည် ရန်ကုန်မြို့၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်း၏ မြောက်ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်နှင့်အနောက်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တည်ရှိသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း East Dagon Township | |
---|---|
ဒဂုံမြို့သစ်အရှေ့ပိုင်း | |
ကိုဩဒိနိတ်: MM 16°53′0″N 96°17′0″E | |
နိုင်ငံ | မြန်မာ |
တိုင်း | ရန်ကုန် |
ခရိုင် | ရန်ကုန်အရှေ့ပိုင်း |
မြို့နယ် | ဒဂုံမြို့သစ်အရှေ့ပိုင်း[1] |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၆၅,၅၁၈ [2] |
စာပို့သင်္ကေတ | ၁၁၄၅၁ |
ဒဂုံမြို့သစ်အရှေ့ပိုင်းကို ရပ်ကွက်ပေါင်း (၅၄)ခုနှင့် ကျေးရွာစု (၃)စုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၉)ခုနှစ်တွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဤမြို့နယ်၏ နေရာအများစုမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘဲ စည်ပင်သာယာနှင့်သက်ဆိုင်သော အခြေခံဝန်ဆောင်မှုများ လစ်ဟင်းနေသေးသည်။
အစိုးရ မူလတန်းကျောင်း (၁၉) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၂) ကျောင်းရှိသည်။
ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းတို့သည် ဤမြို့နယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။ ဤမြို့နယ်ရှိ တို့ကျောင်းကလေး ဘူတာရုံတွင် ရန်ကုန်မြို့ပတ်ရထားနှင့် မြန်မာ့ မီးရထား၏ ရန်ကုန်-ပဲခူးမီးရထားတို့ ရပ်နားလေ့ရှိသည်။
ကိုးကား
- GAD, Feb 2011.
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး