ပုဇွန်တောင်မြို့နယ်

ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ်
ပုဇွန်တောင်မြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 16°47′0″N 96°10′0″E
Country မြန်မာ
တိုင်းရန်ကုန်
မြို့ရန်ကုန်
မြို့နယ်ပုဇွန်တောင်
စာပို့သင်္ကေတ၁၁၁၇၁

တည်နေရာ

ပုဇွန်တောင်မြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်၏ အနောက်ဘက်နှင့် တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်မြောက်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် သကေတမြို့နယ်နှင့် အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်းတို့ တည်ရှိသည်။ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို မဟာဗန္ဓုလတံတားဖြင့် ဆက်သွယ်ထားသည်။

ခေါ်တွင်ပုံ

ပုဇွန်တောင်ဟု အမည်ခေါ်တွင်ပုံမှာ မွန်ဘာသာ (ပသုန်ဍိုင်-ပဇုန်ဒေး)=ကုန်းငါးကုန်း(ညောင်ကုန်း၊ ပေတောကုန်း၊ မလွှကုန်း၊ မအူကုန်း၊ ပိန္နဲကုန်း) ရှိသော အရပ်ဟု အဓိပ္ပါယ်ရသည်။ [1] ပုဇွန်တောင် - မသုန်-ငါး၊ ဒိုဝ်-တောင်ကုန်းငယ် (တောင်ငါးလုံး)[2] ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းနှင့် ပြည်သူ့ဆေးရုံ (၁) ရုံရှိသည်။ ပုစွန်တောင်ဈေးနှင့် ရေကျော်ဈေးတို့မှာ ပုဇွန်တောင်မြို့နယ်ရှိ အဓိကကျသော ဈေးကြီးများဖြစ်သည်။

ထင်ရှားသော အဆောက်အဦးများ

ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပုဇွန်တောင်မြို့နယ်သည် အရှေ့ဘက်အကျဆုံးအပိုင်း ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပုဇွန်တောင်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
မဟာဗိသျှနုဟိန္ဒူဘုရားကျောင်းဟိန္ဒူဘုရားကျောင်း၁၃၇-၁၃၉၊ ၅၁လမ်း
လွတ်လပ်သောမက်သဒစ်အသင်းတော်(ရန်ကုန်)ခရစ်ယာန်ဘုရားရှိခိုးကျောင်း၂၅၆၊ ဗိုလ်မြတ်ထွန်းလမ်း
ရွှေဘုန်းပွင့်ဘုရားဘုရားဦးရွှေဂုံလမ်း
ရန်ကုန်အရှေ့ ဆန်းနီဗလီဗလီ၇၃၊ အနော်ရထာလမ်း

ကိုးကား

  1. မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်
  2. မြန်မာသမိုင်း နိဒါန်း - ဒေါက်တာ သန်းထွန်း




This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.