တွံတေးမြို့နယ်
တွံတေးမြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့၏ အနောက်ဖက်တွင် တည်ရှိပြီး လှိုင်မြစ်ဖြင့် ခြားနားထားသည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ တွံတေးမြို့ဖြစ်သည်။ သင်္ကြန်ကာလတွင် ဘုရားပွဲကျင်းပသော ရွှေဆံတော်ဘုရား တည်ရှိရာမြို့နယ် ဖြစ်သည်။[2] မြန်မာနိုင်ငံရှိ လူလုပ်တူးမြောင်းများထဲတွင် အရှည်ဆုံးဖြစ်သည့် တွံတေးတူးမြောင်းသည် တွံတေးမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ဧရာဝတီမြစ်တို့ကို ဆက်သွယ်ပေးထားကာ အရှည် ၃၅ ကီလိုမီတာ ရှိသည်။[3] တွံတေးတူးမြောင်းကို ဖြတ်ကျော်ထားသော တံတားတစ်စင်းရှိကာ တွံတေးတံတားဟု ခေါ်ဆိုသည်။[4]

တွံတေးမြို့နယ် | |
---|---|
မြို့နယ် | |
![]() | |
![]() ![]() တွံတေးမြို့နယ် | |
ကိုဩဒိနိတ်: 16°44′0″N 95°58′0″E | |
နိုင်ငံ | မြန်မာနိုင်ငံ |
တိုင်းဒေသကြီး | ရန်ကုန် |
မြို့နယ်ရုံးစိုက်ရာမြို့ | တွံတေးမြို့ |
လူဦးရေ (၂၀၁၄)[1] | ၂၂၆,၈၃၆ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC6:30) |
လူနေထိုင်မှု
တွံတေးမြို့နယ်တွင် ကျေးရွာပေါင်း ၂၂၀၊ ကျေးရွာအုပ်စု ၆၅ ခုနှင့် မြို့ပေါ်ရပ်ကွက် ၈ ခု ရှိသည်။[5] တွံတေးမြို့နယ်ရှိ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၂၂၆,၈၃၆ ဖြစ်သည်။[1]
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၁။
- Nyein Ei Ei Htwe။ "Twante rocks to Shan drum beat"၊ Myanmar Times၊ 2010။ 5 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 21 June 2011။
- Twante Canal to open 24 hours။
- Twante Bridge Photo။ 28 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 May 2016 တွင် ပြန်စစ်ပြီး။
- "Profile Twantay Township" Myanmar Information Management Unit (MIMU), April 2009
ပြင်ပလင့်ခ်များ
- "Twantay Township, Yangon Division" map ID: MIMU154 Twantay Township 090227 v01, February 2009, Myanmar Information Management Unit (MIMU)
- "Disaster Risk Reduction: Twantay Township" Archived 14 March 2012 at the Wayback Machine. 5 July 2010, Myanmar Information Management Unit (MIMU), map showing Village Tracts
- "Twante Google Satellite Map" Maplandia World Gazetteer