ထန်းတပင်မြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)

ထန်းတပင်မြို့နယ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်တွင် တည်ရှိသည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ထန်းတပင်မြို့ ဖြစ်ပြီး ကုက္ကိုဝမြစ်နှင့် လှိုင်မြစ်တို့ ပေါင်းဆုံရာနေရာ၏ တောင်ဖက်ပိုင်း၊ လှိုင်မြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိသည်။[2]

ထန်းတပင်မြို့နယ်
မြို့နယ်
ထန်းတပင်မြို့နယ်
ကိုဩဒိနိတ်: 17°8′0″N 95°55′0″E
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
ခရိုင်ရန်ကုန်မြောက်ပိုင်းခရိုင်
လူဦးရေ (၂၀၁၄)၁၄၅,၇၉၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC6:30)
[1]

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ထန်းတပင်မြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးရန်အတွက် ထူးကုမ္ပဏီမှ ၂၇၀ မဂ္ဂဝက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကို ထန်းတပင်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည်။[3]

လူနေထိုင်မှု

ထန်းတပင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၉ ခုနှင့် ကျေးရွာပေါင်း ၂၃၀ တည်ရှိသည်။[4]

ထန်းတပင်မြို့နယ်တွင် မြို့ပေါ်ရှိ အိမ်ခြေ (၁၆၅၁)အိမ်၊ အိမ်ထောင်စု (၁၇၅၆)စုရှိပြီး ကျေးလက်နေ အိမ်ခြေ (၂၆၄၈၀)အိမ်၊ အိမ်ထောင်စု(၂၆၇၁၉)စုရှိရာစုစုပေါင်း အိမ်ခြေ (၂၈၁၃၁)အိမ်နှင့်အိမ်ထောင်စု(၂၈၄၇၅)စုရှိသည်။

နယ်နမိတ်များ

မြို့နယ်၏ အရှေ့ဖက်တွင် လှိုင်မြစ်မှ ဝန်းရံထားသည်။ အနောက်တောင်ဖက်တွင် ပန်းလှိုင်မြစ် နှင့် အနောက်ဖက်ပိုင်းတွင် ဘောလယ်မြစ်တို့က အသီးသီး ဝန်းရံထားသည်။[2] အနောက်မြောက်ဖက်တွင် ဇလွန်မြို့နယ် (ဧရာဝတီတိုင်းဒေသကြီး)၊ အရှေ့ဖက်နှင့် အရှေ့မြောက်ဖက်တွင် တိုက်ကြီးမြို့နယ်၊ အရှေ့ဖက်တွင် မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်၊ အရှေ့တောင်ဖက်တွင် လှိုင်သာယာမြို့နယ်၊ အနောက်တောင်ဖက်တွင် တာမွေမြို့နယ်နှင့် အနောက်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီး၏ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များက အသီးသီး ဝန်းရံထားသည်။[5]

အထွေထွေ အချက်အလက်များ

ခေါင်းစဉ် အရေအတွက်
တက္ကသိုလ်/ကောလိပ်/သိပ္ပံကျောင်း
အခြေခံပညာအထက်တန်းကျောင်း
အခြေခံပညာအလယ်တန်းကျောင်း ၁၁
အခြေခံပညာမူလတန်းကျောင်း ၁၀၂
မူလတန်းကြိုကျောင်း ၁၃
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
စာကြည့်တိုက်များ ဖွင့်လှစ်နိုင်မှု ၃၉
ဆေးရုံ
ဈေး
ရပ်ကွက်စာရင်း
လူဦးရေ ၁၄၅၇၉၂

အိမ်ထောင်စု အချက်အလက်များ

စုစုပေါင်း လူဦးရေ
၀-၄ နှစ် ၅-၉ နှစ် ၁၀-၁၄ နှစ် ၁၅-၁၉ နှစ် ၂၀-၂၄ နှစ် ၂၅-၂၉ နှစ် ၃၀-၃၄ နှစ် ၃၅-၃၉ နှစ် ၄၀-၄၄ နှစ် ၄၅-၄၉ နှစ် ၅၀-၄၅ နှစ် ၅၅-၅၉ နှစ် ၆၀-၆၄ နှစ် ၅၆-၆၉ နှစ် ၇၀-၇၄ နှစ် ၇၅နှစ်အထက် စုစုပေါင်း
ကျား ၆၉၁၁ ၇၇၉၃ ၆၈၇၅ ၆၄၁၆ ၆၃၁၃ ၅၇၇၇ ၅၀၉၀ ၄၄၂၃ ၄၀၇၈ ၇၄၁၆ ၃၂၃၀ ၂၅၆၉ ၁၉၂၈ ၁၁၄၂ ၇၄၄ ၁၁၀၂ ၇၁၈၀၇
၆၇၆၇ ၇၃၉၈ ၆၉၃၈ ၆၈၄၀ ၆၅၂၄ ၅၈၃၄ ၅၃၀၂ ၄၇၀၀ ၄၂၆၀ ၆၉၃၉ ၃၆၄၃ ၂၈၆၀ ၂၀၃၅ ၁၄၁၆ ၉၃၆ ၁၅၉၃ ၇၃၉၈၅
စုစုပေါင်း ၁၃၆၇၈ ၁၅၁၉၁ ၁၃၈၁၃ ၁၃၂၅၆ ၁၂၈၃၇ ၁၁၆၁၁ ၁၀၃၉၂ ၉၁၂၃ ၈၃၃၈ ၁၄၃၅၅ ၆၈၇၃ ၅၄၂၉ ၃၉၆၃ ၂၅၅၈ ၁၆၈၀ ၂၆၉၅ ၁၄၅၇၉၂

ဘုရား စေတီပုထိုးများ

ဘုရား၊စေတီ၊ပုထိုး အမည် တည်နေရာ
မြသိန်းတန် (၁)ရပ်ကွက်၊ ထန်းတပင်
လွမ်းစေတီ (၃)ရပ်ကွက်၊ ထန်းတပင်
ရွှေမှော်ဖြူ ကျောင်းကုန်းကျေးရွာ၊ ထန်းတပင်
တဝရွှေဂူကြီး (၁)ရပ်ကွက်၊ ထန်းတပင်
မနော်ဟရီ လှည်းဆိပ်ကျေးရွာ၊ ထန်းတပင်
မိုးကောင်းရန်အောင် ရှမ်းစုကျေးရွာ၊ ထန်းတပင်

ဘုန်းကြီးကျောင်း

ဘုရား၊စေတီ၊ပုထိုး အမည် ဆရာတော်ဘွဲ့အမည် တည်နေရာ
မနော်ဟရီကျောင်းတိုက် ဘဒ္ဒန္တကောဏ္ဍည လှည်းဆိပ်စံပြကျေးရွာ
မြသိန်းတန် ဦးသုမန ထန်းတပင်မြို့

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၁။
  2. "NE 46-12 Henzada, Burma" topographic map 1:250,000, US Army Map Service, October 1959
  3. "Improved electricity for Yangon industry"၊ Myanmar Times၊ 2010 5 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 16 July 2011။
  4. "Profile Htantabin Township" Myanmar Information Management Unit (MIMU), April 2009
  5. Township 296 Myanmar States/Divisions and Townships Overview Map Myanmar Information Management Unit (MIMU) (December 2007)။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.