ဒလမြို့နယ်
ဒလမြို့နယ်သည် ရန်ကုန်မြို့နှင့် မြစ်တစ်စင်းသာခြားပြီး သင်္ဘောနှင့် သွားပါက ဆယ်မိနစ်အတွင်း ရောက်ရှိနိုင်သည်။ ရှေးမြန်မာမင်းလက်ထက်က မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း ခံတပ်မြို့ ဖြစ်သည်။ ယခင်က ကျေးရွာအုပ်စု ဖြစ်ခဲ့ပြီးနောက် မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄-ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ထည့်သွင်းခဲ့သည်။ ဒလမြို့ အနောက်ဘက်တွင် တွံတေးတူးမြောင်းနှင့် မြောက်ဘက်တွင် ရန်ကုန်မြစ်တို့ ဆက်သွယ်စီးဆင်းနေသည်။
ဒလမြို့နယ် | |
---|---|
![]() ![]() ဒလမြို့နယ် | |
ကိုဩဒိနိတ်: MM 16°45′30″N 96°9′30″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး |
ခရိုင် | ရန်ကုန်တောင်ပိုင်းခရိုင် |
မြို့နယ် | ဒလမြို့နယ် |
စာပို့သင်္ကေတ | ၁၁၂၆၁ |

ဒလမြို့နယ်
ဒလမြို့သည် ၁၀.၉၃ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃)အုပ်စု၊ ရွာပေါင်း (၄၅)ရွာဖြင့် ဖွဲ့စည်းထားသည်။ ဒလမြို့မှတဆင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်မြို့များသို့ပါ ဆက်သွယ်သွားလာနိုင်သည့် အဓိက မြို့နယ်တစ်နယ် ဖြစ်သည်။
ကိုးကား
- ၂၇.၁.၂၀၁၁ ထုတ် ကြေးမုံသတင်းစာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.