တိုက်ကြီးမြို့
တိုက်ကြီးမြို့သည် ရန်ကုန်မြို့၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ အင်းစိန်ခရိုင် တိုက်ကြီးနယ်နှင့် တိုက်ကြီးမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် မော်တော်ကားလမ်းပေါ်တွင် တည်ရှိသောမြို့ ဖြစ်သည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဘက်သို့ ရထားလမ်းဖြင့် ၄၂ မိုင်မျှကွာဝေးသည်။ မြို့အနေအထားမှာ မကြီးလှသော်လည်း နယ်ကျယ်၍ လမ်းဆုံဒေသဖြစ်သောကြောင့် အရောင်းအဝယ် စည်ကားသည်။ ရန်ကုန်မြို့ကို ရေပေးသော ဂျိုးဖြူသို့ တိုက်ကြီးမှကားလမ်း ဖောက်ထားသည်။ တိုက်ကြီးနယ်တွင် တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ပါဝင်သည်။ တိုက်ကြီးမြို့ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂၇၇ ၁၆၅ ယောက် ရှိသည်။ တိုက်ကြီးမြို့နယ်တွင် တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့တို့ပါဝင်သည်။ တိုက်ကြီးမြို့အား ရပ်ကွက်(၈)ခုဖြင့်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ အင်္ဂလားရပ်ကွက်၊ ဘူတာရပ်ကွက်၊ ဈေးရပ်ကွက်၊ ဥပ္ပုံစုရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ ဗောဓိကုန်းရပ်ကွက်၊ တို့ဖြစ်ကြသည်။ တိုက်ကြီးမြို့တွင် အထက-တိုက်ကြီးမြို့နှင့် အထက(မြို့မ)-တိုက်ကြီးမြို့ဟူ၍ အထက်တန်းကျောင်း (၂) ကျောင်းရှိသည်။ [2]
တိုက်ကြီးမြို့ | |
---|---|
![]() ![]() တိုက်ကြီးမြို့ | |
ကိုဩဒိနိတ်: 17°30′0″N 96°2′0″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ရန်ကုန် |
မြို့ | ရန်ကုန် |
မြို့နယ် | တိုက်ကြီး |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၇၇,၁၆၅[1] |
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး
- မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)