ဒေါပုံမြို့နယ်
ဒေါပုံမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ မွန်ဘာသာအရ ဒေု-တောင်၊ ပန်-လေး၊ တောင်လေးလုံးဟု အဓိပ္ပါယ်ရသည်။[2]
ဒေါပုံမြို့နယ် | |
---|---|
![]() ![]() ဒေါပုံမြို့နယ် | |
ကိုဩဒိနိတ်: MM 16°40′0″N 96°11′0″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | ရန်ကုန်(အရှေ့ပိုင်း) |
မြို့နယ် | ဒေါပုံမြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၇၄,၉၉၄ [1] |
စာပို့သင်္ကေတ | ၁၁၂၄၁ |
ဒေါပုံမြို့နယ်၏ မြောက်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အနောက်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှေ့ဘက်တွင် သာကေတမြို့နယ်နှင့် တောင်ဘက် ပုဇွန်တောင်ချောင်းတလျှောက်တွင် ပုဇွန်တောင်မြို့နယ်တို့ တည်ရှိသည်။
ဒေါပုံမြို့နယ်ကို ရပ်ကွက်ပေါင်း (၁၄)ခုဖြင့် ဖွဲ့စည်းထားသည်။ မဟာဗန္ဓုလတံတားသည် ဒေါပုံမြို့နယ်နှင့် ရန်ကုန်မြို့လယ်ကို ဆက်သွယ်ပေးထားသည်။
ဒေါပုံမြို့နယ် အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၁) ကျောင်းရှိသည်။
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး
- ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.