ရန်ကုန်မြို့ပတ်ရထား
ရန်ကုန်မြို့ပတ်ရထားသည် ရန်ကုန်မြို့ပြဧရိယာအတွင်း ပုံမှန်အလုပ်ဆင်းသူများအတွက် အားထားရာ မြို့တွင်းရထားလမ်းကွန်ယက်တစ်ခုဖြစ်သည်။ မြန်မာ့ မီးရထား၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေပြီး ၄၅.၉-ကီလိုမီတာ (၂၈.၅-မိုင်) ရှည်လျားကာ ၃၉ ဘူတာပါဝင်ပြီး ရန်ကုန်မြို့ဝန်းကျင် မြို့နယ်များကို ရန်ကုန်မြို့ပြဧရိယာနှင့် ဆက်သွယ်ပေးထားသည်။ မြို့ပတ်ရထားသည် အကြိမ် ၂၀ ခန့်ပြေးဆွဲပြီး လက်မှတ် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ခန့် နေ့စဉ်ရောင်းချရသည်။[1][2][3] မြို့ပတ်ရထား တစ်ပတ်ပြည့်စီးနင်းနိုင်ရန် အချိန် ၃ နာရီမျှ ကြာမြင့်ပြီး မြို့ပတ်ရထားစီးနင်းခြင်းဟာ ရန်ကုန်မြို့လူနေမှုဘဝကို အထင်းသားမြင်တွေ့နိုင်မည် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားကို ဝင်ငွေနည်းသူ စီးနင်းသူများ သိပ်သည်းစွာ အသုံးပြုနေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘတ်စ်ကားများနှင့် နှိုင်းယှဉ်လျှင် မြို့ပတ်ရထားသည် ရန်ကုန်မြို့ ပို့ဆောင်ဆက်သွယ်ရေးတွင် ဈေးအချိုဆုံး သယ်ယူပို့ဆောင်ရေး ဖြစ်သည်။[4][5]
Overview | |
---|---|
ပိုင်ဆိုင်သူ | မြန်မာ့မီးရထား |
ဒေသ | ရန်ကုန်မြို့ |
ပို့ဆောင်ရေးအမျိုးအစား | Commuter rail |
ဘူတာရုံပေါင်း | ၃၉ |
နေ့စဉ်စီးနင်းသူ | ၁၀၀,၀၀၀-၁၅၀,၀၀၀ |
ရုံးချုပ် | ရန်ကုန်မြို့ |
တည်ထောင်ခြင်း | |
စတင်တည်ထောင်ခြင်း | ၁၉၅၄ |
ယာဉ်အရေအတွက် | ၂၁ |
နည်းပညာအချက်အလက် | |
ပတ်လမ်းအရှည် | ၄၅.၉ km (၂၈.၅ mi) |
လမ်းကြောင်းအရေအတွက် | ၂ |
လမ်းကြောင်းစံအတိုင်းအတာ | ၁၀၀၀ mm (3 ft 3 3⁄8 in) |
ပျမ်းမျှမြန်နှုန်း | ၁၅.၃ km/h (၉.၅ mph) |
မြို့ပတ်ရထားပြေးဆွဲချိန်သည် နေ့စဉ် မနက် ၃ နာရီ ၄၅ မိနစ်မှ ည ၁၀ နာရီ ၁၅ မိနစ်အထိ ဖြစ်သည်။ မြို့ပတ်ရထားလတ်မှတ်တန်ဖိုးမှ ၁၅ မိုင်အတွင်း အကွာအဝေးကို ၂၀၀ ကျပ် (~eighteen US cents)နှင့် ၁၅ မိုင်အထက်အကွာအဝေးကို ၄၀၀ ကျပ် (~37 US cents) ကျသင့်သည်။[6]ရထားလက်မှတ်များကို ပုံသေ ၁၀၀ ကျပ်ဖြင့် မြို့ပတ်ရထားလမ်းရှိ ဘူတာများအားလုံးတွင် ရောင်းချပေးသည်။ ရန်ကုန်ဘူတာကြီးတွင် စင်္ကြန်အမှတ် ၇ ရှိ စင်္ကြန်ပေါ်၌ လက်မှတ်ရောင်းသော ရုံငယ်တစ်ခု တည်ရှိပြီး အဆိုပါဘူတာရုံမှ မြို့ပတ်ရထားအတွက် လတ်မှတ်များကို ရောင်းချပေးသည်။
မြို့ပတ်ရထားလမ်းသမိုင်း
ရန်ကုန်မြို့ပတ်ရထားလမ်းကို ဗြိတိသျှကိုလိုနီခေတ်တွင် ဗြိတိသျှတို့မှ တည်ဆောက်ခဲ့သည်။[7] အသွားအပြန် နှစ်လမ်းသွားရထားလမ်းကို ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။[8]
၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနသည် ရန်ကုန်မြို့ပတ်ရထားလမ်းကို ပုဂ္ဂလိကပိုင် ပြုလုပ်မည်ဟု ကြေငြာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရမှ ဦးစီးသောစနစ်သည် အရှုံးပြနေသောကြောင့် ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားအတွက် အစိုးရမှ လစဉ်ကုန်ကျငွေ ၂၆၀ မီလီယံ ကျပ်ငွေ(US$325,000) ကုန်ကျပြီး ပြန်လည်ရရှိသော ဘဏ္ဍာငွေ ၄၂ မီလီယံကျပ် (US$52,500) သာရှိသည်။[9] မြို့ပတ်ရထားလတ်မှတ်သည် ဝန်ကြီးဌာန၏ ထောက်ပံ့ပေးမှုကြောင့် ဈေးနှုန်းချိုသာလျက်ရှိသည်။[10]
၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် Japan International Cooperation Agency နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ဆောင်ရွက်သော မဟာရန်ကုန်ဒေသ ဖွံဖြိုးတိုးတက်ရေး master plan တွင် အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် ထည့်သွင်းစဉ်းစားမည့်အချက်များ ပါဝင်သည်။[11]
ဘူတာရုံများ
ရန်ကုန်မြို့ပတ်ရထားကွန်ယက်တွင် ဘူတာရုံ ၃၉ ခု ပါဝင်ပြီး ရန်ကုန်မြို့၏ ဒေသအသီးသီးနှင့် ချိတ်ဆက်ထားသည်။
မြို့ပတ်ရထားပတ်လမ်း အစသည် ရန်ကုန်ဘူတာကြီးမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး မင်္ဂလာဒုံဘူတာအထိဖြစ်သည်။ ထိုမှတဆင့် အင်းစိန်မှ အနောက်ဘက်သို့ ဥက္ကလာပမှ အရှေ့ဘက်သို့ ဆက်လက်မောင်းနှင်သည်။
အဓိကဘူတာရုံများမှာ အောက်ပါအတိုင်းဖြစ်သည်-[12]
ဓာတ်ပုံပြခန်း
- ရန်ကုန်မြို့ပတ်ရထားလမ်း (၂၀၁၃ ဇန်နဝါရီ)
- ရန်ကုန်မြို့ပတ်ရထားလမ်းမြေပုံ
- ရန်ကုန်မြို့ပတ်ရထားလမ်းမြေပုံ
- ရန်ကုန်မြို့ပတ်ရထားလမ်းမြေပုံ
- ရန်ကုန်မြို့ပတ်ရထားအချိန်ဇယား (၀၁-၁၂-၂၀၁၄)
ကိုးကား
- "Inter-states and regions railroad tracks all heading to Nay Pyi Taw" (2010-10-15) 3 (30).
- Yeni။ "The Railway Bazaar"၊ The Irrawaddy၊ 2008-01-30။
- "Third Regional EST Forum: Presentation of Myanmar" (17–19 March 2008). Singapore: Ministry of Transport, Myanmar.
- Shwe Gaung၊ Juliet။ "Passengers hope privatisation brings better services"၊ Myanmar Times၊ 1 August 2011။ 13 September 2013 တွင် ပြန်စစ်ပြီး။
- Moe Thida (March 2012)။ Yangon Circular Railway Development Project။ raSPP Policy Research Paper E 1-2-001။ University of Tokyo။ 13 September 2013 တွင် ပြန်စစ်ပြီး။
- "13 Coaches from Japan Arrived for Yangon Circular Railway" (in Burmese) (2011-01-04).
- Codrington၊ Stephen (2005)။ Planet Geography။ Solid Star Press။ p. 568။ ISBN 9780957981935။
- Etherton၊ David; Terry Standley (May 1990)။ Human Settlements Sector Review: Union of Myanmar (အင်္ဂလိပ်ဘာသာစကားဖြင့်)။ United nations Centre for Human Settlements။ p. 71။ ISBN 9789211311280။
- Win Ko Ko Latt။ "Rail privatisation drive continues"၊ Myanmar Times၊ 1 August 2011။ 13 September 2013 တွင် ပြန်စစ်ပြီး။
- "Yangon’s rail network to be privatised"၊ Myanmar Times၊ 25 July 2011။ 13 September 2013 တွင် ပြန်စစ်ပြီး။
- Mudditt၊ Jessica။ "Waiting for the train: upgrading the Yangon circle line"၊ Myanmar Times၊ 25 March 2013။ 13 September 2013 တွင် ပြန်စစ်ပြီး။
- Yangon Circular Railways Schedule။ Minami Tours။ 2009-01-18 တွင် ပြန်စစ်ပြီး။