ဇွဲကပင်တောင်

ဇွဲကပင်တောင် (အရှေ့ပိုးကရင်: လါင့်ခွဲါက္ၜင်) သည် မြန်မာနိုင်ငံကရင်ပြည်နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင် တည်ရှိသည်။[1]

ဇွဲကပင်တောင်


ဇွဲကပင်တောင်သို့ တက်ရန်နှင့် ဆင်းရန်အတွက် နေရာ (၂) ခု ရွေးချယ်နိုင်ပါသည်။ တစ်ခုမှာ ခလောက်နို့ ကျေးရွာဝင်ပေါက်ဖြစ်ပြီး ဘားအံမြို့မှ နေ၍ (၁၅) မိနစ်ခန့် ဆိုင်ကယ် (သို့) ကားဖြင့် သွားရောက်နိုင်ပါသည်။ နောက်တစ်ခုမှာ လုံမဏ္ဏီဥယျာဉ်ဝသင်ပေါက်ဖြစ်ပြီး သံလွင်တံတားနှင့် နီးသောကြောင့် ခရီးသွားများ အများဆုံးတက်ရောက်သော ဝင်ပေါက်ဖြစ်သည်။

ရုပ်ပုံများ

ကိုးကား

  1. ကရင်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ ကရင်ပြည်နယ်အစိုးရ။ 14 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၁၀၇ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.