ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်မှ စတင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[1]
ရဲအောင် | |
---|---|
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ချောက်မြို့၊ မကွေးတိုင်း၊ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
မကွေးတိုင်းဒေသကြီး ချောက်မြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ်(၂၃) ဗိုလ်သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဦးစီးမှူး(ပထမတန်း)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒုတိယဒေသကွပ်ကဲရေးမှူး၊ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဥပဒေချုပ် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။
ကိုးကား
- ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရသစ် ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆို။ ဒီမိုကရက်တစ် မြန်မာ့အသံ (၃၀ မတ် ၂၀၁၆)။ ၃၀ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.