မန်းဂျော်နီ

မန်းဂျော်နီ သည် မြန်မာနိုင်ငံသား ကရင်လူမျိုး နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ကျုံပျော်မြို့နယ် ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။[1] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲအရေအတွက် ၃၁,၇၃၁ ဖြင့် ရွေးကောက်ခံခဲ့ရသော်လည်း ဆောင်ရွက်ခွင့်မရခဲ့ပေ။[2]

မန်းဂျော်နီ
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆  ၉ ဇန်နဝါရီ ၂၀၁၈
ယခင်လူဦးသိန်းအောင်
ဆက်ခံသူဦးလှမိုးအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂  ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူတင့်ဆန်း
ဆက်ခံသူစိုးမိုးသူ
မဲဆန္ဒနယ်မြောင်းမြမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၃၁,၇၃၁ (၇၃%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၄၂-0၁-၃၁) ဇန်နဝါရီ ၃၁၊ ၁၉၄၂
ဆင်ခေါင်းကြီး၊ ပုသိမ်မြို့ ဗြိတိသျှဘားမား
လူမျိုးကရင်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Relationsဦးကျော်ဦး (ဖခင်)
ဒေါ်ခြောက် (မိခင်)
မိခင်ကျောင်းပုသိမ်ဒေသကောလိပ်
ရန်ကုန်ပညာရေးတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

ဦးမန်းဂျော်နီသည် တက္ကသိုလ်ဝင်တန်းကို ၁၉၆၀ တွင် အောင်မြင်ခဲ့ပြီး ပုသိမ်ဒေသကောလိပ်တွင် ပညာသင်ကြားခဲ့သည်။[2] ၁၉၆၅ မှ ၁၉၈၆ အထိ မူလတန်းနှင့် အလယ်တန်းပြ ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။[2] ၁၉၈၀ တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒီပလိုမာ ရရှိခဲ့သည်။[2] ၂၀၁၅ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့ မဲဆန္ဒနယ်အမှတ်(၂) မှရွေးကောက်တင်မြှောက်ခြင်းခံရကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။[3]

ကိုးကား

  1. "Names of Pyithu Hluttaw representatives announced"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ Government of Myanmar၊ 2 April 2012 5 October 2012 တွင် ပြန်စစ်ပြီး
  2. Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs 1990 Multi-party Democracy General Elections 5 October 2012 တွင် ပြန်စစ်ပြီး။
  3. ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြု (၉ ဇန်နဝါရီ ၂၀၁၈)။ ၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.