ဦးပိန်တံတား

အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။[1][2][3][4] ဦးပိန်တံတားသည် ၁.၂-ကီလိုမီတာ (၀.၇၅-မိုင်) ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသား တံတားဖြစ်သည်။[1][5][6]

ဦးပိန်တံတား
ကိုဩဒိနိတ်21°53′29.14″N 96°3′22.12″E
ဖြတ်သန်းမှုတောင်သမန်အင်း
တည်နေရာအမရပူရမြို့နယ်မန္တလေးတိုင်းဒေသကြီး
အခြားအမည်များတောင်သမန်တံတား
အချက်အလက်များ
တံတားဒီဇိုင်းခြေလျင်လျောက် သစ်သားတံတား (ကျွန်းသားတံတား)
စုစုပေါင်းအရှည်၃,၉၆၇ ft (၁,၂၀၉ m)
အကျယ်တစ်လမ်းသွား
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၁၈၄၉ ခုနှစ်
လုပ်ငန်းပြီးဆုံးချိန်၁၈၅၁ ခုနှစ်
ဦးပိန်တံတား၊ ၂၀၁၆

ဦးပိန်တံတားသမိုင်း

ဦးပိန် တံတားမြင်ကွင်း၂၀၁၆

ဦးပိန်တံတားခေါ် တောင်သမန် တံတားကိုကုန်းဘောင်ခေတ်ပုဂံမင်းလက်ထက်သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ အမရပူရမြို့ ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့ ဦးဆောင် ဆောက်လုပ်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါး ဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ် ဟုခေါ်သည့် ကုလား (မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင် မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၎င်း၏တပည့်မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၎င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့်တကွ ကွပ်မျက်ခဲ့သည်။

ထို မြို့စာရေးမောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ တံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားတိုင်များမှာကား အခြားမဟုတ်။ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ နန်းတော်တိုင်များဖြစ်သည် ဟုဆိုသည်။ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။

ရုပ်ပုံများ

ကိုးကား

  1. U Bein Bridge at risk: locals Myanmar Times (24 June 2013)။ 15 September 2013 တွင် ပြန်စစ်ပြီး။
  2. Amarapura and U Bein Bridge Go-Myanmar.com။ 15 September 2013 တွင် ပြန်စစ်ပြီး။
  3. U Bein Bridge, U Bein Bridge Myanmar, U Bein Bridge Travel Guide & Tours All Myanmar Tours။ 24 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2013 တွင် ပြန်စစ်ပြီး။
  4. U Bein Bridge, Myanmar (Burma) www.peace-on-earth.org။ 15 September 2013 တွင် ပြန်စစ်ပြီး။
  5. Oldest teak bridge Hindustan Times 27 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2013 တွင် ပြန်စစ်ပြီး။
  6. Myanmar The Big Picture The Boston Globe (26 March 2012)။ 15 September 2013 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.