နယ်ခြားစောင့်တပ်ဖွဲ့

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တပ်မတော်အတွင်းသွတ်သွင်းပြီး နယ်ခြားစောင့်တပ်ဟူသောအမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူးအောက်တွင်ထားရှိသဖြင့် နယ်ခြားစောင့်တပ်များသည် တပ်မတော်လစာ၊ ရိက္ခာရရှိနေသော်လည်း တင်းပြည့်တပ်မတော်သားဟုမခေါ်ဆိုနိုင်သေးပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)၊ ဝပြည်သွေးစည်းညီညွှတ်ရေးအဖွဲ့ မွန်ပြည်သစ်ပါတီ နှင့်ဗိုလ်နှုတ်ခမ်းမွေးခေါ်ဗိုလ်မှူးချုပ်စောလားပွယ်ခေါင်းဆောင်သည့် ဒီကေဘီအေအချို့က နယ်ခြားစောင့်တပ်ဖွဲ့စည်းခြင်းကိုလက်မခံသေးပေ။ နောက်ဆုံးငြိမ်းချမ်းရေးယူခဲ့သည့် ကေအဲင်ယူ(ကေအဲင်အယ်အေ)တို့နှင့်မူ ယင်းကိစ္စဆွေးနွေးခြင်းမရှိသေးပါ။ မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ တိုက်ရိုက်အုပ်ချုပ်မည့် နယ်ခြားစောင့်တပ်၌ တာဝန်ထမ်းဆောင်သူ တပ်ဖွဲ့ဝင်များအား လစာ အများဆုံး ၂ သိန်းခွဲမှ အနည်းဆုံး ၅ သောင်းကျော်ထိ စစ်အစိုးရက ယခုလမှစတင်ကာ ရာထူးအလိုက် ထုတ်ပေးသွားမည်ဟုသိရသည်။

နယ်ခြားစောင့်တပ်တွင် အသက် ၁၈ နှစ်မှ ၅၀ အကြားသာ ထမ်းဆောင်ခွင့်ရှိမည်ဟု သတ်မှတ်ထားသည်။ အရာရှိ အဆင့် ၁၈ ဦး၊ အခြားအဆင့် ၃၀၈ ဦးပါဝင်သော နယ်ခြား စောင့်တပ်တွင် တပ်မှူးမှာ အပစ်ရပ်အဖွဲ့မှ ဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ တဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးနှင့် အခြားအဆင့်ရှိသူ ၂၇ ဦးတို့ကိုလည်း ထည့်သွင်းရမည် ဖြစ်သည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.