လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (အင်္ဂလိပ်: Department of Civil Aviation)သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

Department of Civil Aviation
 မြန်မာအစိုးရအဖွဲ့အစည်း
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ဝန်ကြီးများဦးသန့်စင်​မောင်
ဌာနအကြီးအမှူးများဦးထွန်းလှိုင်၊ ညွှန်ကြားရေးမှူးချုပ်
မိခင်ဌာနပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်dca.gov.mm

သမိုင်းကြောင်း

လွတ်လပ်ရေးမရမီ (B.O.A.C) လေကြောင်းကုမ္ပဏီမှ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်များကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးရရှိလာသောအခါ ယင်းလေကြောင်းကုမ္ပဏီ လက်အောက်တွင် မြန်မာ့မြို့ပြ လေကြောင်းဆက်သွယ်ရေးလုပ်ငန်းများအား ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် ခေတ်ပညာတတ် စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်းကျွမ်းကျင်သူ လူငယ်များက ကြိုးစား နည်းလမ်းရှာဖွေခဲ့ရာ International Aeradio Limited ခေါ် IAL ကုမ္ပဏီနှင့် ဆက်သွယ်မိခဲ့ပြီး မြို့ ပြလေကြောင်းဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန်ငှားရမ်း၍ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်း ဆက်သွယ်ရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။

မြို့ ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုလျက် ၁၉၄၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်ဩဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ထို့နောက် International Aeradio Limited (IAL) ကုမ္ပဏီအား ငှားရမ်း၍ မြန်မာနိုင်ငံ၏ မြို့ပြ လေကြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။၁၉၅၇ ခုနှစ်တွင် IAL ငှားရမ်းခြင်းအား ရပ်စဲ၍ မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်း လုပ်ငန်း တစ်ရပ်လုံးကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။၁၉၆၂ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် လေယာဉ်ကွင်းပေါင်း (၄၃) ကွင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ပြည်တွင်း/ ပြည်ပ လေကြောင်း ခရီးစဉ်အဖြစ် အသုံးပြုနိုင်သော လေယာဉ်ကွင်းပေါင်း (၂၅) ကွင်း ရှိခဲ့သည်။၁၉၈၆ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အထောက်အပံ့ဖြင့်  လေကြောင်းပညာ သိပ္ပံ အား ဖွင့်လှစ်တည်ထောင်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေး/လေကြောင်း ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများနှင့် လေယာဉ်မှူးကြီး လိုင်စင်သင်တန်းများကို ပို့ချခဲ့သည်။[1]

ဖွဲ့ စည်းပုံ

မူဝါဒများ

ပြည်ထောင်စုမြန်မာနိုင်ငံတော် လေယာဉ်ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးလျက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်စံများအတိုင်း လေကြောင်းဆိုင်ရာ နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းပြည်ပလေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံချောမွေ့စွာဖြင့် လိုရာခရီးသို့ လျင်မြန်စွာ ပျံသန်းသွားလာနိုင်ရေးတို့အတွက် အောက်ပါမူဝါဒများကို ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည်။

  1. ဘေးအန္တရာယ်ကင်းဝေးစွာပျံသန်းနိုင်ရေး
  2. အချိန်မှန်ပျံသန်းနိုင်ရေး
  3. စီးပွားရေးအရအကျိုးရှိစွာ ပျံသန်းနိုင်ရေး
  4. စွမ်းအားပြည့် ပျံသန်းနိုင်ရေး
  5. လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ရေး

လုပ်ငန်းဆောင်ရွက်မှုများ

  1. လေကြောင်းထိန်းသိမ်းခြင်း
  2. လေကြောင်းဆက်သွယ်ရေး နှင့် လမ်းညွှန်မှုအထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း
  3. လေယာဉ်မှူး၊ လေယာဉ်အင်ဂျင်နီယာများအား လိုင်စင်ထုတ်ပေးခြင်း၊ ပျံသန်းမှုစစ်ဆေးခြင်း
  4. လေဆိပ်များ၊ လေယာဉ်ကွင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လေဆိပ်များ စီမံအုပ်ချုပ်ခြင်း
  5. လေယာဉ်ပျံသန်းနိုင်မှုအဆင့်အတန်းအတွက်ကြီးကြပ်ခြင်း
  6. ပြည်တွင်းပြည်ပလေကြောင်းကုမ္ပဏီများအား လိုင်စင်နှင့် ပါမစ်များထုတ်ပြန်ခွင့်ပြုပေးခြင်း
  7. နှစ်နိုင်ငံလေကြောင်းသဘောတူစာချုပ်များ ချုပ်ဆိုခြင်း
  8. အပြည်ပြည်ဆိုင်ရာမြို့ ပြလေကြောင်းအဖွဲ့ချုပ်၊ နိုင်ငံတကာလေကြောင်းအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း
  9. လေကြောင်းဆိုင်ရာသင်တန်းများ သင်ကြားပို့ချပေးခြင်း

ဆက်သွယ်ရန်

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၁၀၂၁ (မြန်မာနိုင်ငံ)

  • Telephone: + 951 665637 Fax: + 951 665124
  • URL: www.dca.gov.mm
  • Email: dg-dca@mptmail.net.mm

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.