ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ယခင်က ​ပို့ဆောင်ရေးဝန်ကြီးဌာနဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၃ခုကိုပူး​​ပေါင်းကာဖွဲ့စည်းထား​သော ဝန်ကြီးဌာန ဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
Ministry of Transport and Communications
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ မတ် ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ယခင်အဖွဲ့အစည်းပို့ဆောင်ရေးဝန်ကြီးဌာန
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၂)၊​နေပြည်​တော်
ဝန်ကြီးများဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဒုတိယဝန်ကြီးများ
  • ဦး​ကျော်မျိုး
  • ဦးသာဦး
ဝက်ဘ်ဆိုက်motc.gov.mm

သမိုင်း​ကြောင်း

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန နှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန နှစ်ခု ခွဲ၍ ဖွဲ့စည်းခဲ့သည်။၁၉၆၁ ခုနှစ်တွင် အထက်ပါ ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းကာ ဌာနများကိုလည်း တိုးချဲ့၍ အောက်ပါဌာနများဖြင့် ဖွဲ့စည်းခဲ့သည်-

(က) မီးရထားအုပ်ချုပ်ရေးဘုတ်အဖွဲ့

( ခ) ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့

( ဂ) ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့

(ဃ) ရေကြောင်းဌာန

( င) ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးဘုတ်အဖွဲ့

( စ) မြို့ပြလေကြောင်းဌာန

(ဆ) မိုးလေဝသဌာန

( ဇ) စာတိုက်နှင့်ကြေးနန်းဌာန

( ဈ) မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘော သယ်ယူပို့ဆောင်ရေးလုပ်ငန်း

(ည) ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့

ထိုမှတဖန် ၁၉၇၂ ခုနှစ်တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို ကော်ပိုရေးရှင်း အမည်များဖြင့် ပြောင်းလဲ၍လည်းကောင်း၊ ဝန်ကြီးဌာနကိုလည်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဟူ၍လည်းကောင်း ပြင်ဆင်၍ လုပ်ငန်း ဌာနပေါင်း (၁၇)ခု ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်း ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန တွင် ဖွဲ့စည်းခဲ့သည်။ 

၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၉၂)၏ သဘောတူ ဆုံးဖြတ်ချက်အရပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန  ဟူ၍ဝန်ကြီးဌာန (၃)ခု အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန(၄)ခု၊ စီးပွားရေးအဖွဲ့စည်း(၅)ခု၊ ကျောင်း(၁) ကျောင်း၊ စုစုပေါင်းဌာန(၁၀)ခု ပါဝင်ခဲ့သည်။

၎င်းတို့မှာ-

(က) ပို့ဆောင်ရေးဦးစီးဌာန

( ခ) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

( ဂ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ဃ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

( င) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

( စ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

(ဆ) မြန်မာ့လေကြောင်း

( ဇ) မြန်မာ့သင်္ဘောကျင်းလုပ်ငန်း

(ဈ) မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း

(ည) ရေကြောင်းပညာသိပ္ပံ တို့ဖြစ်ပါသည်။


ရထားပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန(၂)ခု၊ စီးပွားရေးအဖွဲ့စည်း(၂)ခု၊ ကျောင်း(၁) ကျောင်း၊ စုစုပေါင်းဌာန(၅)ခု ပါဝင်ခဲ့သည်။ 

၎င်းတို့မှာ-

(က) ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန

( ခ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

( ဂ) မြန်မာ့မီးရထား

(ဃ) ကုန်းလမ်းပို့ဆောင်ရေး

( င) ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း တို့ဖြစ်သည်။

ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန(၂)ခု၊ စီးပွားရေးအဖွဲ့စည်း(၁)ခု၊ စုစုပေါင်းဌာန(၃)ခု ပါဝင်ခဲ့သည်။၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်-

(က) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

( ခ)  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

( ဂ)  ​မြန်မာဆက်သွယ်ရေးလုပ်ငန်း တို့ဖြစ်ပါသည်။

၁၉၉၉ ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၀/၉၉)၏ သဘောတူဆုံးဖြတ်ချက်အရ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အား ၁၉၉၉ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့မှစ၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန မှ ပို့ဆောင်ရေးဝန်ကြီးဌာန သို့ လွှဲပြောင်း ဖွဲ့စည်းခဲ့သည်။

၂၀၀၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၆/၂၀၀၂)၏ သဘောတူဆုံးဖြတ်ချက်အရ ဩဂုတ်လ(၁)ရက်နေ့တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကို စတင်ဖွဲ့စည်းတည်ထောင်၍ ပို့ဆောင်ရေးဝန်ကြီးဌာန တွင် တိုးချဲ့ ထည့်သွင်း ဖွဲ့စည်းခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစည်းအဝေး (၂/၂၀၁၅) ၏ ဆုံးဖြတ်ချက်အရ ရေးကြောင်းပညာသိပ္ပံ မှ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် ဆင့်သို့ အဆင်မြှင့် ဖွင့်လှစ်ခဲ့သည်။ ​၂၀၁၀ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၏ ၂၀၁၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက် နေ့စွဲပါ စာအမှတ်၊ ၄၁၅/ ၃- ၂/ နယက လမ်းညွှန်ချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံတော် စီးပွားရေး ဦးပိုင် လီမိတက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂)ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန အဖြစ် ပြည်ထောင်စုဝန်ကြီးဌာန အမည်ကို ပြောင်းလဲ သတ်မှတ်ခဲ့သည်။

၂၄-၉-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၉/၂၀၁၅)မှ သဘောတူညီချက်အရ မြန်မာအမျိုးသား လေကြောင်းနည်းဥပဒေအား ပို့ဆောင်ရေးဝန်ကြီးဌာန၏  ၁၁-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၃၁/၂၀၁၅)ဖြင့် ထုတ်ပြန်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၄-၅-၂၀၁၅ရက်နေ့စွဲပါ   အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၁၅)ဖြင့် မြန်မာ့လေကြောင်း ပိုင်ပစ္စည်းများအားလုံးနှင့် လုပ်ငန်းတာဝန်များကို မြန်မာအမျိုးသား လေကြောင်း (မြန်မာအမျိုးသား လေကြောင်း ကုမ္မဏီလီမိတက်) သို့ လွှဲပြောင်း ဆက်ခံခွင့်ပြုခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁၅-၁-၂၀၁၅) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ (၅၉/၂၀၁၅)အရ ပို့ဆောင်ရေးဦးစီးဌာန အား ဖျက်သိမ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁၇-၉-၂၀၁၄) ရက်စွဲပါ စာအမှတ်၊ ၁၂၂၀/ ၂၅၂- အတွင်းဝန်/ အဖရ (၂၀၁၄)အရ အမြဲတမ်းအတွင်းဝန်ရုံးအဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်၍ ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

၂၀၁၅ ခုနှစ်၊  ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် ( ၂ / ၂၀၁၅ ) အရပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန အား ဖျက်သိမ်း၍၊ (၁.၄.၂၀၁၅) ရက်နေ့တွင် ဝန်ထမ်း (၁၃၀) ဦးအား အမြဲတမ်းအတွင်းဝန်ရုံးသို့ သွတ်သွင်းခြင်းဖြင့်လည်းကောင်း၊ ကျန်ဝန်ထမ်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သို့ သွတ်သွင်း ပေါင်းစည်းခြင်းဖြင့်လည်းကောင်း ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ​၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ( ၂ /၂၀၁၅ ) အရ ဆက်သွယ်ရေး နှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး ၏ အမိန့်ကြော်ငြာစာ အမှတ် (၉/၂၀၁၅) ဖြင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့သည်။၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)အရ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနအား ဖေါ်ပြပါအတိုင်း ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းလိုက်သည်-

(က)  ​ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန

( ခ)  သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန

( ဂ)  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း

(ဃ) မြန်မာ့ စာတိုက် လုပ်ငန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၊ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန တို့အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲ သတ်မှတ်ခဲ့သည်။[1]

ဖွဲ့စည်းပုံ

လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရှိ ဌာနအဖွဲ့အစည်းများမှာ (၁၈)ခုရှိပြီး အောက်ပါအတိုင်းဖြစ်သည်။

​(က)လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန

(ခ)ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန

(ဂ)ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

(ဃ)ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန

(င)မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

(စ)ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန

(ဆ)သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန

(ဇ)မြန်မာအမျိုးသားလေကြောင်း

(ဈ)ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

(ည)မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

(ဋ)မြန်မာ့သင်္ဘောကျင်းလုပ်ငန်း

(ဌ)မြန်မာ့မီးရထား

(ဍ)ကုန်းလမ်းပို့ဆောင်ရေး

(ဎ)မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

(ဏ)မြန်မာ့စာတိုက် လုပ်ငန်း

(တ)မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

(ထ)မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်

(ဒ)ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း

ဝန်ကြီးများစာရင်း

ပုံ အမည် ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံ​တော်သမ္မတ ဒုတိယဝန်ကြီး
တာဝန်စတင် တာဝန်ပြီးဆုံး ရက်ပေါင်း
ဦးသန့်စင်​မောင် ၃၀ မတ် ၂၀၁၆ လက်ရှိ ၁၇၇၁
  • ဦး​ကျော်မျိုး
  • ဦးသာဦး

ကိုးကား

  1. "သမိုင်း​ကြောင်း"၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.