သန့်စင်မောင်

ဦးသန့်စင်​မောင်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လက်ရှိ ပြည်​ထောင်စုဝန်ကြီးဖြစ်သည်။၂၀၁၅​ရွေး​ကောက်ပွဲတွင် မုံရွာမြို့နယ်အတွက် ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ်အဖြစ် ​ရွေးချယ်ခံခဲ့ရပြီး မတ်လ၂၂ရက်​နေ့တွင် သမ္မတသစ်ဦးထင်​ကျော်က ဝန်ကြီးအဖြစ် အဆိုပြုခဲ့သည်။[1][2][3]

သန့်စင်မောင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆  ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူ
ဆက်ခံသူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ​ဖေ​ဖော်ဝါရီ ၂၀၁၆  ၃၀ မတ် ၂၀၁၆
ဆက်ခံသူဦးညွန့်​အောင်
မဲဆန္ဒနယ်မုံရွာမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-11-15) ၁၅ နိုဝင်ဘာ၊ ၁၉၅၃
မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်း​ဒေသကြီး
လူမျိုးမြန်မာ
ကြင်ဖော်(များ)ခင်သန်း​အေး
သားသမီး
နေထိုင်ရာလှိုင်မြို့နယ်၊ ရန်ကုန်မြို့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်

အ​စောပိုင်းဘဝနှင့် ပညာ​ရေး

၁၉၅၃ခုနှစ် နိုဝင်ဘာ၁၅ရက်​နေ့တွင် မုံရွာမြို့နယ်အတွင်း၌ ဖွားမြင်ခဲ့သည်။ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် M.Sc. ဘွဲ့ရရှိခဲ့သည်။[3]

အစိုးရအလုပ်

ပုသိမ်​ကောလိပ်နှင့် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့တွင် နည်းပြအဖြစ် စတင် ဝင်​ရောက်ခဲ့သည်။ထို့​နောက် မြန်မာ့မီးရထားသို့ လက်​ထောက်မန်​နေဂျာအဖြစ် ​​ပြောင်းခဲ့ပြီး အ​ထွေ​ထွေမန်​နေဂျာဘဝဖြင့် အငြိမ်းစားယူခဲ့သည်။[3] ၂၀၁၅​ရွေး​ကောက်ပွဲတွင် မုံရွာမြို့နယ်ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ်အဖြစ်​ရွေး​ကောက်ခံရသည်။သမ္မတအသစ်ဦးထင်​ကျော်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခဲ့ပြီး မတ်လ၂၄ရက်​နေ့တွင် ပြည်​ထောင်စုလွှတ်​တော်ကအတည်ပြုကာ မတ်လ၃၀ရက်​နေ့တွင် စတင်တာဝန်ထမ်း​ဆောင်ခဲ့သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.