ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (အင်္ဂလိပ်: Inland Water Transport) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၈၆၅
ယခင်အဖွဲ့အစည်းဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ
ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့
ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း
ဌာနချုပ်အမှတ် (၅၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့[1]
ဝန်ကြီးများဦးသန့်စင်​မောင်
ဌာနအကြီးအမှူးများဦး​ဇော်ဝင်း၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်iwt.gov.mm

သမိုင်းကြောင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ ခုနှစ်မှ စတင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ယခုအခါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး အတွက် သယ်ယူပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် စက်ရှိရေယာဉ်၊ စက်မဲ့တွဲနှင့် ဆိပ်ခံတွဲ စုစုပေါင်း (၃၉၀)စီး ရှိပြီး နှစ်စဉ် ခရီးသည် (၁၅.၀၆)သန်း၊ ကုန်တန်ချိန် (၂.၀၇)သန်း တို့အား ဈေးနှုန်း ချိုသာစွာဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ အဓိကဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံအတွင်း ရေယာဉ်များ သွားလာနိုင်သည့် မြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်ချင်းတွင်းမြစ်၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရေးအတွက် ကူးတို့လမ်းများ ပြေးဆွဲခြင်းတို့ ဖြစ်သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏မူလအဖွဲ့အစည်းမှာ ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ ( Irrawaddy Flotilla Co., Ltd) ဖြစ်ပြီး ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနှစ် ဇွန်လ ၁ ရက် တွင်ယင်းကုမ္ပဏီအား ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး၊ "ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ် ဖော်ဆောင်မှုအစီအစဉ်အရ ၁၉၇၂ ခုနှစ် မတ်လ ၁ရက် တွင် "ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း" အမည်ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် "ပြည်တွင်းရေကြောင်းပို့ဆောင်ရေး" အမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။[2]

ဖွဲ့စည်းပုံ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် အောက်ပါဌာနများဖြင့် ဖွဲ့စည်းထားသည်။[3]

  • စီမံရေးရာဌာန
  • စစ်ဆေးရေးဌာန
  • သယ်ယူပို့ဆောင်ရေးဌာန
  • ကုန်စည်ပို့ဆောင်ရေးဌာန
  • အင်ဂျင်နီယာဌာန
  • ရေကြောင်းဌာန
  • ငွေစာရင်းဌာန

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ ဝန်ထမ်းအင်အားမှာ အောက်ပါအတိုင်း ဖြစ်သည်။

အကြောင်းအရာဖွဲ့စည်းပုံခန့်ပြီး
အရာထမ်း၂၇၃၁၄၇
အမှုထမ်း၁၀၆၆၆၂၁၁၂
စုစုပေါင်း၁၀၉၃၉၂၂၅၉

ရည်မှန်းချက်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ပြီး ခရီးသွားပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်သည်။

ဆောင်ပုဒ်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ရေယာဉ်နှင့် ခရီးသည် အန္တရာယ်ကင်းရှင်းရေး၊ (ခ) လုပ်ငန်းစွမ်းဆောင်မှု အပြည့်အဝပေးရေး၊ (ဂ) လုပ်ငန်းခွင် အသွင်အပြင် ကောင်းမွန်ရေး၊

ဌာနအလံနှင့် ဌာနအမှတ်အသား

ဌာန၏ အလံမှာ အစိမ်း၊ အဝါ၊ အပြာဖြစ်သော (၃)ရောင်ခြယ် အလံဖြစ်သည်။ အစိမ်းရောင်သည် မြန်မာနိုင်ငံရှိ သစ်တောနှင့် ကုန်းမြေများကို ကိုယ်စားပြုသည်။ အဝါရောင်မှာ မြန်မာနိုင်ငံမှ ထွက်ရှိသော စပါးအပါအဝင် သီးနှံများကို ကိုယ်စားပြု၍၊ အပြာရောင်မှာ မြန်မာနိုင်ငံရှိ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်ကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။ အလံ၏ အချိုးအစားဖြစ်သည့် အနံနှင့် အလျားကို (၁:၁.၂၅)ဖြင့် သတ်မှတ်ထားသည်။[4]

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၏ အလံ

ဌာန၏ အမှတ်အသားကို ဟင်္သာငှက်ဖြင့် ပြသထားသည်။ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များ၏ ခေါင်းတိုင်များအား အနက်၊ အနီ၊ အနက် (၃)ဆင့်ဖြင့် အောက်ပါအတိုင်း အမှတ်အသားပြုထားသည်။[4]

လုပ်ငန်းဆောင်ရွက်မှုများ

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အောက်ပါလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးလျက်ရှိသည်။

  • မြန်မာနိုင်ငံရှိ ရေကြောင်းသွားလာမှု ကောင်းမွန်သော ပြည်တွင်း မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှုအဆင်ပြေစေရေး အတွက် ကူးတို့ လမ်းများပြေးဆွဲခြင်း၊

ရေယာဉ်အင်အား

(၃၁.၁၂.၂၀၀၆) နေ့ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသော ရေယာဉ်အင်အားမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • စက်ရှိရေယာဉ် ၃၁၆ စီး
    • လူစီးကုန်တင် ၂၀၃ စီး
    • ကုန်တင် ၃၈ စီး
    • ကုန်တင်/တွဲဆွဲ ၃၆ စီး
    • ရေကြည်တင် ၂ စီး
    • တွဲဆွဲ ၂၆ စီး
    • ဆီတင် ၁ စီး
    • အထွေထွေသုံး ၁၀ စီး
  • စက်မဲ့ရေယာဉ် ၁၅၄ စီး
    • ကုန်တင်တွဲဆွဲ ၁၄၁ စီး
    • ဆီသယ်ရေယာဉ် ၁၃ စီး
    • ဆိပ်ခံတွဲ ၄၂ စီး

ရေယာဉ်ခရီးလမ်းများ

သယ်ယူပို့ဆောင်ရေး ဌာနခွဲ (၆)ခုတွင် ခရီးသည်နှင့် ကုန်တင်ခရီးလမ်းပေါင်း (၆၀)ခန့် ရှိသည်။ ယင်းတို့အနက် အဓိကကျသည့် ခရီးလမ်းများကို အောက်ဖော်ပြပါ ဇယားဖြင့် ဖေါ်ပြထားသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ

စဉ်ရေယာဉ်လမ်းမိုင်ခုတ်မောင်းပုံ
ရန်ကုန် - ဒလတစ်နေ့ (၄၆)ခေါက်
ဝါးတန်း - ဒလတစ်နေ့ (၆)ခေါက်
ရန်ကုန် - ဖျာပုံ၆၄တစ်ပတ်(၅)ခေါက်
ရန်ကုန်-ကျုံမငေး၁၁၈တစ်ပတ်(၄)ခေါက်
ရန်ကုန် - ဘိုကလေး (ကုန်အထူးမြန်လမ်း)၈၇တစ်ပတ်(၁)ခေါက်
ရန်ကုန် - မော်ကျွန်း၁၀၀တစ်ပတ်(၅)ခေါက်
ရန်ကုန် - လပွတ္တာ၁၆၈တစ်ပတ်(၁)ခေါက်
၁၃၅တစ်ပတ်(၃)ခေါက်
ရန်ကုန် - ပုသိမ်၁၇၂တစ်ပတ်(၂)ခေါက်
၁၀ရန်ကုန်-ခနောင်တိုတစ်နေ့(၁၀)ခေါက်
၁၁စဉ့်အိုးတန်း-ဆာပါချောင်တစ်နေ့(၈)ခေါက်
၁၂ဝါးတန်း-ဆိပ်ကြီးတစ်နေ့(၂)ခေါက်

[5]

ဧရာဝတီဌာနခွဲ

စဉ်ရေယာဉ်လမ်းမိုင်ခုတ်မောင်းပုံ
မန္တလေး - ဗန်းမော်(မြန်)၂၇၅တစ်ပတ်(၂)ခေါက်
မန္တလေး - ဗန်းမော်(ထူးမြန်)၂၇၅တစ်ပတ်(၃)ခေါက်
မန္တလေး - ဗန်းမော်(မှန်)၂၇၅နှစ်ပတ်(၁)ခေါက်
မန္တလေး - ဗန်းမော်(ထူး) ခရီးသည်တင်၂၇၅တစ်ပတ်(၃)ခေါက်
မန္တလေး - ညောင်ဦး၁၁၉တစ်ပတ်(၂)ခေါက်
မန္တလေး - ပုဂံ၁၂၉နေ့စဉ်
မန္တလေး - ကသာ၁၉၃တစ်ပတ်(၂)ခေါက်

[6]

ချင်းတွင်းဌာနခွဲ

စဉ်ရေယာဉ်လမ်းမိုင်ခုတ်မောင်းပုံမှတ်ချက်
ဟုမ္မလင်း - ခန္တီး၁၂၇တစ်ပတ်(၂)ခေါက်
မုံရွာ - ခန္တီး၄၅၄တစ်လ(၁)ခေါက်
မုံရွာ - ဟုမ္မလင်း၃၂၇တစ်ပတ်(၂)ခေါက်
မုံရွာ-ကလေးဝ၁၄၇တစ်ပတ်(၂)ခေါက်

[7]

သံလွင်ဌာနခွဲ

စဉ်ရေယာဉ်လမ်းမိုင်ခုတ်မောင်းပုံ
ချောင်းနှစ်ခွ ဇက်ကူးတို့တစ်နေ့ (၈)ခေါက်
မော်လမြိုင်-ကလွီတစ်နေ့(၂)ခေါက်
မော်လမြိုင်-နတ်မှော်တစ်နေ့(၂)ခေါက်
မော်လမြိုင်-နတ်မှော်(ထူး)တစ်နေ့(၁)ခေါက်

[8]

ရခိုင်ဌာနခွဲ

စဉ်ရေယာဉ်လမ်းမိုင်ခုတ်မောင်းပုံ
စစ်တွေ - မြောက်ဦး၄၀တစ်ပတ်(၂)ခေါက်
စစ်တွေ - ဘူးသီးတောင်၈၀တစ်ပတ်(၆)ခေါက်
တောင်ကုတ် - မာန်အောင်၄၈တစ်ပတ်(၂)ခေါက်
စစ်တွေ - တောင်ကုတ်၂၂၄တစ်ပတ်(၂)ခေါက်

[9]

ကုန်ပို့ဆောင်ရေးဌာနခွဲ

စဉ်ရေယာဉ်လမ်းမိုင်ခုတ်မောင်းပုံ
ရန်ကုန် - မန္တလေး၅၉၇ဈေးသင်္ဘော
  1. ကုန်ပို့ဆောင်ရေးဌာနခွဲမှ တွန်းသင်္ဘော “ဆင်ဟိုင်း“ ရေယာဉ်
  2. မြစ်ဝကျွန်းပေါ်ဌာနခွဲမှ မြစ်ဖြတ်ကူးတို့ရေယာဉ်
  3. ကုန်ပို့ဆောင်ရေးဌာနခွဲမှ ခရီးသည်/ကုန်တင်“မြဒီပါ“ ရေယာဉ်
  4. ဧရာဝတီဌာနခွဲမှ ခရီးသည်/ကုန်တင် ရေယာဉ်

အကိုးအကား

  1. "​ဆက်သွယ်ရန်"၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ Archived from the original on 19 April 2019။
  2. "ပြည်တွင်းရေကြောင်းပို့ဆောင်ရေး"၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
  3. Organization ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 15 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  4. About IWT ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန။ 15 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  5. မြစ်ဝကျွန်းပေါ်ဌာနခွဲ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  6. ဧရာဝတီဌာနခွဲ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  7. ချင်းတွင်းဌာနခွဲ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  8. သံလွင်ဌာနခွဲ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  9. ရခိုင်ဌာနခွဲ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 14 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။

ပြင်ပဆက်သွယ်ရေး

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.