ကြာသပတေး
ကြာသပတေး ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (ဝါ) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုသည်။ ယင်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်၏။[1]
ဂြိုဟ်အဆင်းအရောင်
- ဂြိုဟ်သက် (၁၉)နှစ်၊
- ကြွက်၊
- အနောက်အရပ်၊
- သောမဂြိုဟ်၊
- အဝါ၊ အနက်၊ အဖြူရောသောအဆင်း၊
- ပ၊ ဖ၊ ဗ၊ ဘ၊ မ၊
- မြန်မာလူမျိုး
ကိုးကား
- "မောင်ထင်" ၏ "မြန်မာ့ဆယ့်နှစ်လ အကြောင်း" စာအုပ်မှ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.