ကွန်မင်တန်ပါတီ

ကွန်မင်တန်ပါတီ[1](KMT) အား အင်္ဂလိပ်ဘာသာဖြင့် Kuomintang of China သို့ Chinese Nationalist Party ဟု ဘာသာပြန်ဆိုလေ့ရှိပြီး တရုတ်သမ္မတနိုင်ငံ (အာအိုစီ) အား ထူထောင်ခဲ့သည့် နိုင်ငံရေးပါတီဖြစ်ပြီး လက်ရှိအတိုက်ခံ ပါတီ ဖြစ်သည်။ ကွန်မင်တန်ပါတီ၏ ဌာနချုပ်သည် ထိုင်ဝမ်တွင် တည်ရှိပြီး ဥပဒေပြုလွှတ်တော်အမတ်နေရာ အများစုကို ပိုင်ဆိုင်ထားသည်။ ကွန်မင်တန်ပါတီသည်လည်း အာအိုစီ၏ ကာလအကြာမြင့်ဆုံး ပါတီဖြစ်ပြီး International Democrat Union၏ အဖွဲ့ဝင်ဖြစ်သည်။ အာအိုစီ၏ သမ္မတဟောင်းမာရင်းကျိုသည် သတ္တမမြောက် ကွန်မင်တန်ပါတီဝင် သမ္မတဖြစ်သည်။

ကွန်မင်တန်ပါတီ
中國國民黨
Kuomintang of China
ကွန်မင်တန်ပါတီအမှတ်တံဆိပ်

ပါတီအမှတ်တံဆိပ်
ဥက္ကဋ္ဌ မာရင်းကျို
တည်ထောင်ရက် ၁၉၁၁ အောက်တိုဘာ ၁၀ (မော်ဒန်)
၁၈၉၄ နိုဝင်ဘာ ၂၄ (တရုတ်ပြန်လည် ရှင်သန်ရေးအဖွဲ့)
ဌာနချုပ် ထိုင်ပေမြို့ထိုင်ဝမ်
ရပ်တည်ချက် ပြည်သူ့အရေး ၃ ရပ်
ပြန်လည်ပေါင်းစည်းရေး
ကွန်မြူနစ်ဆန့်ကျင်ရေး
ပါတီဝင် ၁,၀၉၀,၀၀၀ ဦး (၂၀၀၈)
ပြည်တွင်း
မဟာမိတ်
တပ်ပြာ
ပြည်ပ
မဟာမိတ်
International Democrat Union
ဝက်ဘ်ဆိုက် www.kmt.org.tw

ကွန်မင်တန်ပါတီအပါအဝင် ပီအက်ဖ်ပီပါတီနှင့် နျူးပါတီတို့အား ထိုင်ဝမ်တွင် တပ်ပြာအင်အားစုဟု ခေါ်ဆိုကြသည်။ ကွန်မင်တန်ပါတီသည် တရုတ်တစ်ပြည်ထောင်သဘောတရားကို လက်ခံထားပြီး "တရုတ်တပြည်ထောင်" ဆိုသည်မှာ တရုတ်သမ္မတနိုင်ငံ (အာအိုစီ) အား ညွှန်းဆိုသည်ဟု အဆိုပြုထားသည်။

သက်ဦးဆံပိုင် ဧကရာဇ်စနစ်ကို တွန်းလှန်သည့် ရှင့်ဟိုက်တော်လှန်ရေး အောင်မြင်ပြီးနောက် များမကြာမှီ ဒေါက်တာဆွန်ယက်ဆင်က ကွန်မင်တန်ပါတီကို ထူထောင်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ချန်ကေရှိတ်မှ ဦးဆောင်သည့် ကွန်မင်တန်ပါတီသည် ၁၉၂၈ ခုနှစ်မှ ထိုင်ဝမ်သို့ မပြောင်းရွှေ့လာမီ ၁၉၄၉ ခုနှစ်အထိ တရုတ်တပြည်လုံးကို အုပ်ချုပ်ခဲ့သည်။ ကွန်မင်တန်ပါတီသည် တရုတ်ကွန်မြူနစ်ပါတီ (CPC)နှင့် ဖြစ်ပွားသည့် တရုတ်ပြည်တွင်း စစ်ပွဲတွင် ရှုံးနှိမ့်ခဲ့ကာ ထိုင်ဝမ်သို့ ရောက်လာကာ တပါတီနိုင်ငံရေးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၇၀ မှ ၁၉၉၀ ခုနှစ်အတွင်း နိုင်ငံရေးလွတ်လပ်မှု တဖြည်းဖြည်းရလာကာ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးလာသည်။

ကူမင်တန်(Kuomintang)

တရုတ် အမျိုးသားပါတီဖြစ်၍ ၁၉၁၁-ခုနှစ်၊ တော်လှန်ရေး မဟာမိတ်အဖွဲ့ကို ဆက်ခံကာ ၁၉၁၂-ခုနှစ်တွင် ဆွန်ယက်ဆင်က ဖွဲ့စည်းခဲ့သည်။ ၁၉၁၁-ခုနှစ် တရုတ်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲခဲ့သဖြင့် နိုင်ငံရေး အရှိန်ရခဲ့သည်။ ၁၉၂၃-မှ ၁၉၂၇-ခုနှစ်အတွင်း ကွန်မြူနစ် လက်ဝဲဂိုဏ်း အောက်တွင် ရှိခဲ့သည်။ သို့ရာတွင် ချန်ကေရှိတ်လက်ထက်တွင် ကွန်မြူနစ်တို့နှင့် သဘောကွဲခဲ့၍ ပြည်တွင်းစစ် ဖြစ်ခဲ့သည်။ ဂျပန်တို့ ဝင်ရောက်ချိန်၌ ရပ်ဆိုင်းခဲ့ပြီး ၁၉၃၇-၄၅ တွင် ဂျပန်ကို ပေါင်း၍တိုက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ပြီးသောအခါ ပြည်တွင်းစစ်ပြန်စ၍ ၁၉၄၈-ခုနှစ်တွင် ကွန်မြူနစ်တို့က ကူမင်တန် အမျိုးသားဝါဒီတို့ကို အောင်နိုင်၍ ကူမင်တန်တို့ ထိုင်ဝမ်ကျွန်းသို့ ဆုတ်ခွာ၍ တရုတ်အမျိုးသား အစိုးရကို ဖွဲ့စည်းသည်။ [2]

ပါတီခေါင်းဆောင်များ

ရာထူး ဓာတ်ပုံ အမည် သက်တမ်း မှတ်ချက်
ရာထူးတက်ချိန်ရာထူးဆင်းချိန်
1 ဝန်ကြီးချုပ် ဆွန်ယက်ဆင် ၁၉၁၉-၁၀-၁၀၁၉၂၅-၃-၁၂ ရာထူးသက်တမ်းအတွင်း ကွယ်လွန်
1 ဥက္ကဋ္ဌ ကျန်းကျင့်ကျန်း ၁၉၂၆-၅-၁၉၁၉၂၆-၇-၆ ပထမဦးဆုံးသော ဗဟိုအမှုဆောင်ကော်မတီနှင့် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ
2 ချန်ကေရှိတ် ၁၉၂၆-၇-၆၁၉၂၇-၃-၁ ဂျပန်တော်လှန်ရေးစစ်ပွဲအတွက် ဇူလိုင် ၁၇တွင် ကျန်းကျင့်ကျန်းအား ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူစေခဲ့သည်။ (၁၉၂၆-၇-၁၇ - ၁၉၂၆-၁၂-၅)
3 ဟူဟန့်မင် ၁၉၃၅-၁၂-၇၁၉၃၆-၅-၁၂ ဒုဥက္ကဋ္ဌ ချန်ကေရှိတ်(၁၉၃၅-၁၂-၇-၁၉၃၈-၄-၁)
1 အတွင်းရေးမှူးချုပ် ချန်ကေရှိတ် ၁၉၃၈-၄-၁၁၉၇၅-၄-၅ ဒုအတွင်းရေးမှူးချုပ်ဝမ်းကျောက်မင်([[၁၉၃၈-၄-၁-၁၉၃၉-၁-၁)၊ ချန်ချိန်၁၉၅၇-အောက်တိုဘာ၁၉၆၅-၃-၅
1 ဥက္ကဋ္ဌ ကျန်ကျင်းကော် ၁၉၇၅-၄-၂၈၁၉၈၈-၁-၁၃ ပထမဦးဆုံး ဗဟိုကော်မတီဥက္ကဋ္ဌ၊ သက်တမ်းအတွင်းကွယ်လွန်
2 လီတိန်းဟွေး ၁၉၈၈-၁-၁၃၂၀၀၀-၃-၂၄ ကျန်ကျင်းကော်ကွယ်လွန်ပြီးနောက် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူ၊ ၂၀၀၁-၉-၂၁ တွင် ပါတီဝင်ဖျက်သိမ်းခံရ။
3 လျန်ကျန့် ၂၀၀၀-၃-၂၄၂၀၀၅-၈-၁၉ ပါတီဝင်များ တိုက်ရိုက်မဲပေး ရွေးကောက် တင်မြောက်ခဲ့သည့် ပထမဆုံး ဥက္ကဋ္ဌဖြစ်ပြီး ရာထူးမှ ဆင်းပြီးနောက် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဖြစ်လာသည်။
4 မာရင်းကျို ၂၀၀၅ ဩဂုတ် ၁၉၂၀၀၇ ဖေဖော်ဝါရီ ၁၃ 首位在非同額競選中,以黨員直選方式產生的黨主席。後因特別費案被檢察機關控以貪污罪嫌,遂依承諾辭去主席職務
ယာယီ ဝူပေါ်ရှုံ ၂၀၀၇ ဖေဖော်ဝါရီ ၁၃၂၀၀၇ မတ် ၁၄ 原為首席副主席,馬英九辭職後為代主席,後決定競選黨主席,期間由副主席江丙坤代理主席職務
ယာယီ ကျန်းပင်ခွန်း ၂၀၀၇ မတ် ၁၄၂၀၀၇ ဧပြီ ၁၁
5 ဝူပေါ်ရှုံ ၂၀၀၇ ဧပြီ ၁၁၂၀၀၉ အောက်တိုဘာ
6 မာရင်းကျို ၂၀၀၉ အောက်တိုဘာလက်ရှိဥက္ကဋ္ဌ

ကျမ်းကိုး

  1. Art 1, Party Charter, Kuomintang of China
  2. လှသမိန် ၏ ဗဟုသုတစွယ်စုံ

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.