ခရစ်ယာန်ဒဏ္ဍာရီ

ခရစ်ယာန်ဒဏ္ဍာရီ (အင်္ဂလိပ်: Christian mythology) သည် ခရစ်ယာန်ဘာသာတရားနှင့် ဆက်စပ်သော ဒဏ္ဍာရီအစုအဝေးတစ်ခုဖြစ်သည်။ ဤဝေါဟာရသည် ဘာသာရေးနွှယ်သော မြင့်မြတ်သည့် ဇာတ်လမ်းကဲ့သို့သော ရာဇဝင်ပုံပြင်များ အမျိုးမျိုးကို လွှမ်းခြုံကာမိနိုင်သည်။ ဒဏ္ဍာရီဆိုင်ရာ အကြောင်းအရာများစွာသည် ခရစ်ယာန်စာပေများစွာတွင် ပါဝင်ကြကာ ဥပမာအနေဖြင့် : တောင်ကုန်းတစ်ခုပေါ်သို့ တက်ရောက်ခြင်း၊ ကမ္ဘာ့ထောက်တိုင် (သို့) စကြာဝဠာ ဝင်ရိုး၊ တိုက်ပွဲဆိုင်ရာ ဒဏ္ဍာရီများ၊ ငရဲဘုံသို့ သက်ဆင်းခြင်း (သို့) ငရဲကျခြင်း၊ သေဆုံးပြီးနောင် ပြန်လည်ရှင်သန်သော နတ်ဘုရား၊ ရေကြီးရေလျှံမှု ဇာတ်လမ်း၊ မျိုးနွယ်စု (သို့) မြို့တော်တစ်ခုကို တည်ထောင်ခြင်ဆိုင်ရာ ဇာတ်လမ်းများ၊ အတိတ်တစ်ချိန်က သူရဲကောင်း (သို့) သူတော်စင်များနှင့် ပတ်သက်က ဇာတ်လမ်းများ၊ ကောင်းကင်ဘုံ၊ မိမိကိုယ်ကို စွန့်လွှတ် အနစ်နာခံခြင်း စသည်တို့ဖြစ်သည်။

ဂစတေ့ဗ် မောရိုးရေးဆွဲသော သူတော်စင်ဂျော့ချ်နှင့် နဂါး

စာရေးဆရာများစွာတို့သည် သမ္မာကျမ်းတွင်တွေ့ရသော 'လဗိုက်ယသန်' ပင်လယ်မြွေနဂါးဇာတ်လမ်းပုံပြင် ကဲ့သို့သော ဒဏ္ဍာရီဆန်၍ ခိုင်းနှိုင်းတင်စားဖွဲ့ဆိုထားသော အခြင်းအရာများကို ကိုယ်စားပြရည်ညွှန်းရန် ဒဏ္ဍာရီဆိုသည့် ဝေါဟာရကို သုံးစွဲခဲ့ကြသည်။ ဤဝေါဟာရကိုပင် အလယ်ခေတ်မှ ဒဏ္ဍာရီ ရာဇဝင် ဇာတ်လမ်းပုံပြင်များဖြစ်သည့် 'သူတော်စင်ဂျော့ချ်နှင့် နဂါး'၊ အားသာဘုရင် ဇာတ်လမ်းပုံပြင်များ၊ ပါဇီဗယ်လ်ဇာတ်လမ်းရာဇဝင်များ တို့အတွကခ သုံးစွဲခဲ့ကြသည်။တမ်းပလိတ်:By whom များစွာသော မှတ်ချက်ပြုသူများက ဂျွန် မစ်လ်တန်၏ 'နိဗ္ဗာန်ဘုံ ပျောက်ဆုံးခြင်း' (Paradise Lost) ကဗျာလင်္ကာရှည်ကို ခရစ်ယာန် ဒဏ္ဍာရီ၏ လက်ရာတစ်ခုအဖြစ် အမျိုးအစားခွဲလြားခဲ့ကြသည်။ ခရစ်ယာန် အကြောင်းအရာ၊ တင်စားဖွဲ့ဆိုချက်များ ပါဝင်သော ခေတ်သစ်ဇာတ်လမ်းများ အတွက်လည်း 'ခရစ်ယာန် ဒဏ္ဍာရီ' ဝေါဟာရကို သုံးစွဲကြသည်။ ခရစ်ယာန် အခြင်းအရများပါသော ခေတ်သစ်ဇာတ်လမ်းများ ကို စီ. အက်စ် လူးဝစ်၊ ဂျေ အာ အာ တော်ကီးန်၊ မက်ဒ်လေးန် အယ်လန်ဂဲလ်နှင့် ဂျော့ချ် မက်ဒေါနယ်လ်တို့၏ အရေးအသားများတွင် တွေ့နိုင်သည်။

ခရစ်ယာန်ဘာသာတရားသည် ရာစုနှစ်များစွာ၌ ဂိုဏ်းအမျိုးမျိုးသို့ ကွဲထွက်သွားကြသည်။ အားလုံးသော ဂိုဏ်းကွဲများတွင် ရိုးရာ မြင့်မြတ်သည့် ဇာတ်လမ်းပုံပြင်များကို တူညီသည့် ပုံစံဖြင့် စွဲကိုင်ထားသည် မဟုတ်ချေ။ ဥပမာ။ ။ ရိုမန်ကက်သလစ်အသင်းတော်နှင့် အရှေ့ပိုင်း ရှေးရိုးခရစ်ယာန် အသင်းတော် (Eastern Orthodox churches) တို့လက်ခံထားသော သမ္မာကျမ်းစာအုပ်များတွင် ကျမ်းစာများစွာနှင့် ဇာတ်လမ်းများစွာ ( ဂျူးဒစ်ကျမ်း၊ တိုးဘစ်ကျမ်း လာ ဇာတ်လမ်းများ) ပါဝင်သော်လည်း ပရိုတက်စတင့်ဂိုဏ်များစွာက ထိုကျမ်းရင်းများကို လက်ခံကြခြင်း မရှိပေ။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.