အစ္စလာမ်ဒဏ္ဍာရီ

အစ္စလာမ်ဒဏ္ဍာရီ (အင်္ဂလိပ်: Islamic mythology) အစ္စလာမ်ဘာသာတရားနှင့် ကိုရမ်ကျမ်းစာ တို့နှင့် ဆက်နွယ်ပတ်သက်သော ဒဏ္ဍာရီအစုအဝေးတစ်ခုဖြစ်သည်။ အစ္စလာမ်ဘာသာသည် ဘာသာရေးဆိုင်ရာ ရိုးရာကျင့်ထုံးများ (သို့) ဒဏ္ဍာရီများထက် လူမှုအဖွဲ့အစည်း ပုံသဏ္ဌာန်နှင့် ဥပဒေသများနှင့် ပို၍ ဆက်နွှယ်သည်။[1] ကမ္ဘာ့ဒဏ္ဍာရီများ အောက်စဖို့ မိတ်ဆွေအသင်းက ရိုးရာဇာတ်လမ်းပုံပြင်များစွာကို အစ္စလာမ်ဒဏ္ဍာရီအဖြစ် ခွဲခြားဖော်ပြသည်။[1] ဤရိုးရာဇာတ်လမ်းများတွင် ဖန်တီးခြင်းဆိုင်ရာ ဒဏ္ဍာရီ၊ တမလွန်လောကနှင့်ပတ်သက်သည့် အယူအဆများပါဝင်၍ ဤအယူအဆများကိုပင် အစ္စလာမ်ဘာသာသည် အခြား အေဘရာဟမ်းဘာသာတရားများနှင့်အတူ မျှဝေသုံးစွဲကြသည်။ ထို့နောက် ထသ်ရှားသော အစ္စလာမ်ဇာတ်လမ်းပုံပြင်တစ်ပုဒ်မှာ 'ကာ့ဘာ' (Kaaba) ဇာတ်လမ်းဖြစ်၏။[1]

တမန်တော်နှင့် ၎င်းအပေါင်းအသင်းများ မက္ကာသို့ ချီတက်ကြစဉ်။ Siyer-i Nebi ၏ သရုပ်ဖော်ပုံ။
မီရ၏ပုံ၊ ဆူလ်တန် မိုဟာမက်၏ သရုပ်ဖော်

အစ္စလာမ် တမန်တော် မိုဟာမက်၏ ရိုးရာ ဘဝဖြစ်စဉ်သည် အစ္စလာမ်အဆုံးအမတွင် အဓိကနေရာမှပါဝင်ကာ သဘာဝအရ သမိုင်းကြောင်းပိုဆန်သည်ဟု ယေဘူယျအားဖြင့် အသိအမှတ်ပြုကြသည်။ အစ္စလာမ်ဘာသာသည် ဂျူးဘာသာ နှင့် ခရစ်ယာန်ဘာသာတို့ထက် ဒဏ္ဍာရီအပေါ်တွင် မှီခိုမှု နည်းပါးသည်။[1] သို့သော် ကျမ်းရင်းလာ ဇာတ်ဘမ်းများ၌ သဘာဝလွန် အဓိကဖြစ်ရပ်နှစ်ခုပါဝင်ရာ ၎င်းတို့မှာ : ကိုရမ်ကို ဘုရားရှင်က ထုတ်ဖော်ပြသခြင်း (revelation of the Quran) နှင့် အီစရ နှင့် မီရ (Isra and Mi'ra) — ဂျေရုစလင်သို့ ညခရီးစဉ် ထို့နောက် သတ္တမမြောက် ကောင်းကင်ဘုံသို့ တက်ရောက်သွားခြင်းတို့ ဖြစ်သည်။[1] ထို့အပြင်လည်း အစ္စလာမ် ဘာသာရေးကျမ်းများတွင် သမ္မာကျမ်းလာ ဇာတ်ကောင်များနှင့်ပတ်သက်၍ များစွာသော ရာဇဝင်ဇာတ်လမ်းများပါဝင်သည်။ အသေးစိတ်အားဖြင့် ထိုအကြောင်းအရာများသည် ဂျူး၊ ခရစ်ယာန်များနှင့် သွေဖည်ကွာဝေး၏။[1]

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. David Leeming (2005)။ "Islamic Mythology"The Oxford Companion to World Mythology။ Oxford University Press။ pp. 207–211။ ISBN 9780190288884
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.