ချစ်နိုင် (စိတ်ပညာ)

ချစ်နိုင် (စိတ်ပညာ) ( ဒီဇင်ဘာ ၁၉၄၈ မွေးဖွား) သည် ၂၀၂၁ ခုနှစ် တပ်မတော် အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဖြစ်သည်။

ချစ်နိုင် (စိတ်ပညာ)
ပြန်ကြားရေးဝန်ကြီးဌာန
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးမြင့်ဆွေ (ယာယီ)
ယခင်လူဦးဖေမြင့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားဒီဇင်ဘာ ၁၉၄၈ (အသက် ၇၂၇၃)
ကြီးနီးကျေးရွာချောက်မြို့နယ်မကွေးတိုင်း
လူမျိုးမြန်မာ
အလုပ်အကိုင်နိုင်ငံရေးသမား၊ စာရေးဆရာ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

မကွေးတိုင်း ချောက်မြို့နယ် ကြီးနီးကျေးရွာတွင်အဖ ဦးမာတင် အမိဒေါ်အေးသ တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ တွင်မွေးဖွားခဲ့သည် အမည်ရင်းဦးချစ်နိုင်ဖြစ်သည်။ ကြေးနီရွာအလယ်တန်း ကျောင်းချောက်မြို့အမှတ် (၁၁) အထက်တန်းကျောင်းနှင့် မန္တလေး ဝိဇ္ဇာ၊သိပ္ပံ၊ တက္ကသိုလ် တို့တွင်ပညာသင်ယူခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် စိတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

အမှုထမ်းဘဝ

၁၉၇၁ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်အမှု့ထမ်းခဲ့သည်။ လားရှိုး၊မင်္ဂလာဒုံ၊ နောင်ချို၊ ဗထူးတပ်မြို့ နှင့် ကလောမြို့များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းပြည်နယ် အတွင်း ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

လေ့လာခဲ့သောနိုင်ငံများ

မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့တော်ရှိတပ်မတော် ဦးစီးတက္ကသိုလ်သို့ (၁)နှစ်ကြာ တက်ရောက်ခဲ့ပြီး ယိုးဒယားနှင့် အင်ဒိုနီးရှား၊ နိုင်ငံများသို့ နှစ်ပတ်စီလေ့လာ ရေးသွားရောက်ခဲ့သည်။


ထင်ရှားသောစာအုပ်များ

၁၉၉၅ ခုနှစ် ဩဂုတ်လမှ ၁၉၉၇ ခုနှစ်နိုဝင် ဘာလ အထိ မြဝတီစာပေတိုက် တွင်အမှု့ဆောင်အရာရှိ စာတည်းမှူးချုပ်တာဝန် များကိုထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှစ၍ စိတ်ပညာဆိုင်ရာ လူမှုရေး နှင့်လူငယ်အကြံပေးဆောင်းပါးများကို စာနယ်ဇင်းများတွင်ရေးသားခဲ့ရာယနေ့ထိဖြစ်သည်။

၁၉၉၆ ခုနှစ် လူငယ်ဆိုင်ရာအမျိုးသား စာပေဆုကို ချစ်လို့ပြောတာ မှတ်ပါ။ စာအုပ်အတွက် ချီးမြင့်ခံရသည်။ ရေးသားခဲ့သည့် စာအုပ်များအနက် ချစ်လို့ပြောတာမှတ်ပါ-တွဲ(1-2)၊ သားအတွက် ဓားတစ်လက်၊ လောကကိုအလှမြင်ပါ ၊ပညာသည် တန်ခိုးဖန်ဆင်း၏ လက်တစ်ကမ်းရှိတတ်လမ်း လောကကို အလှမြင်ပါ။ ပညာသည် တန်ခိုးဖန်ဆင်း၏ ၊လက်တစ်ကမ်းရှိတက်လမ်း အောင်မြင်မှုနှင့် စိတ်ခွန်အား ၊စက္ကန့် တိုင်းကိုစိန်စီထားတယ်။ စေတနာသည်ကံဖြစ်၏ အောင်မြင်ခြင်းရွှေစည်းမျဉ်း ၊ ခေါင်းဆောင်မှု့အရည်အသွေး စာအုပ်များမှာထင်ရှားလှသည်။


ထမ်းဆောင်နေသောစာပေတာဝန်

၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ချစ်ကြည်ရေးသွားရောက်ခဲ့သည်။ စာပေတာဝန်အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှု့ဆောင် ကော်မတီတာဝန်ကို ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တာဝန်များကို ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။[1]

ကိုးကား

  1. HugeDomains.com - Eainmathlaing.com is for sale (Eainmathlaing)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.