ချန်ရည်စိန်

ချန်ရည်စိန် (တရုတ်: 陳孺性) (၁၉၂၄-၂၀၀၅) သည် တရုတ်သွေးနှော မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝတွင် တရုတ်-မြန်မာဆက်ဆံရေးကို အထူးပြုလေ့လာခဲ့သည်။

ဦးရည်စိန်၏ ကိုယ်တစ်ပိုင်းပုံ

ငယ်ဘဝ

၁၉၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ရက်တွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့၌ မွေးဖွားသည်။ [1] ဘိုးဘေးများမှာ တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်မှ မြန်မာသို့ ကူးပြောင်းလာသူများ ဖြစ်ပြီး ရည်စိန်မှာ စတုတ္ထမျိုးဆက် ဖြစ်သည်။ [2]

ဗမာစာ၊ တရုတ်စာနှင့် အင်္ဂလိပ်စာတို့ကို ပိုင်နိုင်သောကြောင့် ၁၉၅၅ ခုနှစ် ဇန်နဝါရီတွင် စည်သူ ဦးကောင်း ခေါင်းဆောင်ဖွဲ့စည်းသည့် မြန်မာ့သမိုင်းကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်စေရသည်။ စတင်ဖွဲ့စည်းသည်မှစ၍ ၁၉၈၇ ခုနှစ်အထိပင် ဖြစ်သည်။ [3]

အသက် (၁၇) နှစ်အရွယ်၌ ဒုတိယကမ္ဘာစစ်အတွင်း လီဒိုလမ်းဖောက်လုပ်ရာတွင် မဟာမိတ်တပ်များအတွက် စကားပြန်အဖြစ် တာဝန်ထမ်းခဲ့သည်။ စစ်ပြီးသော် ရန်ကုန်တက္ကသိုလ်၌ အရှေ့တိုင်းဘာသာနှင့် သမိုင်းဘာသာတို့တွင် နည်းပြလုပ်ကာ သမိုင်းသုတေသီဘဝကို ခံယူလိုက်သည်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ အကြံပေးအဖြစ်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၏ မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့သေးသည်။

ဘဝနိဂုံး

၂၀၀၅ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် တိုင်ပေ၌ ကွယ်လွန်သည်။

ဦးသော်ကောင်း၏ စာအုပ်

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ဦးရည်စိန်ပြုစုခဲ့သော စာတမ်းများကို "ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ" အမည်ဖြင့် စာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းက စုစည်းထုတ်ဝေခဲ့သည်။

ကိုးကား

  1. Zon Pann Pwint။ "U Yi Sein essays published"၊ Myanmar Times၊ 27 February 2012 17 December 2018 တွင် ပြန်စစ်ပြီး
  2. 林清风 (13 October 2011)။ 长期从事缅甸华侨史研究的陈孺性先生 (in Chinese)။ 缅华社会研究 17 December 2018 တွင် ပြန်စစ်ပြီး။
  3. သော်ကောင်း (၂၀၀၈) "၁၈ ရာစုအလယ်ပိုင်း၌ မြန်မာမင်းမှ တရုတ်ဧကရာဇ်ထံ သံစေလွှတ်သည့် မှတ်တမ်းပေမူ"
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.