ချမ်းမြေ့မောင်ချို

ချမ်းမြေ့မောင်ချို (၂၀ စက်တင်ဘာ ၁၉၉၉ မွေးဖွား) သည် မြန်မာအမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်သည်။ Myanmar Idol ၏ တတိယရာသီတွင် ဒုတိယရခဲ့ပြီးနောက် ထင်ရှားကျော်ကြားလာခဲ့သည်။[1][2]

ချမ်းမြေ့မောင်ချို
၂၀၁၉ မတ်လက သူမ၏ ဖျော်ဖြေပွဲ
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းချမ်းမြေ့မောင်ချို
မွေးဖွား (1999-09-20) ၂၀ စက်တင်ဘာ၊ ၁၉၉၉
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
ဂီတဟန်ပေါ့ပ်ဂီတ
အလုပ်အကိုင်အဆိုတော်၊ တေးရေး
တူရိယာအဆို • ဂစ်တာ

ငယ်ဘဝနှင့် ပညာရေး

ချမ်းမြေ့မောင်ချိုကို ၁၉၉၉ စက်တင်ဘာ ၂၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် သင်္ဘောသားမောင်မောင်ချိုနှင့် ၁၉၉၀ ဆယ်စုနှစ်တွင် ကျော်ကြားခဲ့သော အဆိုတော် အိအိတို့၏ အငယ်ဆုံးသမီးဖြစ်၍ အစ်ကိုဖြစ်သူ သူရမောင်ချိုမှာ သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှအထက်တန်းပညာ ပြီးစီးခဲ့ပြီး ဒဂုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဖြင့် တက်ရောက်သင်ကြားလျက်ရှိသည်။[3]

အလုပ်အကိုင်

အလုပ်အကိုင်အစ

မောင်ချိုသည် ၁၀ နှစ်သမီးအရွယ်တွင် သီချင်းများ စတင်သီဆိုခဲ့၏ ။ ပြန်ဆိုသီချင်းများကို သူမ၏ ကိုယ်ပိုင်စာသားများဖြည့်စွက်၍ ထည့်သွင်းသီဆိုခဲ့သည်။ ကိုယ်ပိုင်ဗီဒီယိုအတိုများကို ဖန်တီးခဲ့ပြီး (ယခင်အဆိုတော်များ၏)အချို့သီချင်းများပြန်ဆိုကာ လူမှုကွန်ယက်တွင် ဖြန့်ချိခဲ့သည်။ စင်္ကာပူနိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် သွားရောက်လည်ပတ်စဉ်က လမ်းများပေါ်တွင် သီချင်းဆိုခြင်း အတွေ့အကြုံများ ရှိခဲ့သည်။ ကျောင်းပွဲများ၌ ပါဝင်ခဲ့ပြီး သူမ၏ဆရာသမားများ၊ သူငယ်ချင်းများအတွက်လည်း သီဆိုပေးမှုများရှိခဲ့သည်။[3]

အသက် (၁၈) နှစ်အရွယ် (၂၀၁၇) ခုနှစ်တွင် မိခင်နှင့်အတူတွဲဖက်၍ ပထမဆုံးအကြိမ်အဖြစ် စင်မြင့်ထက်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် သူမ၏ ပထမဆုံးစိန်ခေါ်မှုဖြစ်သော Myanmar Idol တတိယရာသီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[3]

၂၀၁၉- လက်ရှိ: တစ်ကိုယ်တော် လှုပ်ရှားမှုများ

အိပ်မက် သီချင်းကာဗာ

၂၀၁၉ ခုနှစ်တွင် သူမ၏ ပထမဆုံး တစ်ကိုယ်တော်သီချင်းတစ်ပုဒ် ဖြစ်သည့် အိပ်မက် သီချင်းကို[4] ဖြန့်ချိခဲ့ပြီး JOOX နားထောင်သူများအကြား လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။[5]

သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် Eleven ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[6] [7]

တေးသီချင်းနှင့်အခွေများ

တစ်ကိုယ်တော်အယ်လ်ဘမ်များ

Eleven ဟု နာမည်ပေးထားပြီး တေးသီချင်း (၁၁)ပုဒ်ပါဝင်သော သူမ၏ ပထမဆုံးတေးစီးရီးအခွေအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖြန့်ချီခဲ့ပြီး သီချင်းအသစ် ၇ ပုဒ်ပါဝင်သည်။ တေးစီးရီးတွင် ပြိုင်ပွဲတုန်းက သူမကိုပရိသတ်များမှတ်မိစေခဲ့သည့် သီချင်းများနှင့် သူမ၏အမေအဆိုတော် အိအိ ၏ သီချင်းများပါဝင်သည်။

တေးစီးတွင် ပါဝင်သောသီချင်းများ-

  1. King
  2. သင့်အတွက်မနက်ဖြန်
  3. သူ့ကိုအချစ်ဆုံးပဲ
  4. မြတ်မြတ်နိုးနိုး
  5. ဒဏ္ဍာရီ
  6. Loser
  7. ရွာသာရွာပါမိုး
  8. ချစ်သောမောမြေ
  9. ရေတစ်လှည့်မီးတစ်လှည့်
  10. ထွက်သွားတော့
  11. မောင်နားလည်ပေးပါ

တစ်ကိုယ်တော်သီချင်းဖြန့်ချိမှု

  • အိပ်မက် (၂၀၁၉) တေးရေး - ‌ဝေကြီး
  • Falling (၂၀၂၀) တေးရေး - Daniel Saw

စုံတွဲသီဆိုမှုများ

  • အိမ်မက်ထဲမှာဆုံချင်တယ် (၂၀၁၈) စည်သူလွင်နှင့်အတူ
  • We are one (၂၀၁၉) Y3llO နှင့်အတူ
  • အချစ်ရှိသောနေ့စွဲများ (၂၀၁၉) မျိုးကျော့မြိုင်နှင့်အတူ
  • အိမ်ပြန်ချိန် (၂၀၂၀) PAST12/Daniel Saw တို့နှင့်အတူ
  • အငွေ့အသက်များ (၂၀၂၀) Ah Boyနှင့်အတူ

တေးရေး-သားသား

  • သမီးချော့တေး (၂၀၂၀) အိအိနှင့်အတူ

တေးရေး-ဖိုးစည်

  • Virus (၂၀၂၀)

Esther Dawt Chin Sung , Benjamin Sum , Saw Htet Naing Soe , David Lai တို့နှင့်အတူ တေးရေး-စောထက်နိုင်စိုး

သီချင်းဟောင်း ပြန်လည်သီဆိုမှု

  • မွန်တို့ဌာ‌နေ (၂၀၂၀)
  • စွယ်တော်နှလုံးသား (၂၀၂၀၊ မိခင်ဖြစ်သူ တေးသံရှင် အိအိနှင့်အတူသီဆိုသည်။
  • ‌မောင်ဘဦး (၂၀၂၀)

ကိုးကား

  1. "ထူးထူးခြားခြားတဦးတည်းပြိုင်ပြီး Winner ဖြစ်ခဲ့ရတဲ့ Myanmar Idol Season 3 ရဲ့ Final ည" (in my)၊ The Irrawaddy၊ 12 August 2018။
  2. "ချမ်းမြေ့မောင်ချိုလာရောက် မယှဉ်ပြိုင်သဖြင့် Myanmar Idol Season 3 Winner ဆု ဖြိုးမြတ်အောင် ရရှိ" (in my)၊ The Myanmar Times၊ 11 August 2018။
  3. "အားပေးရကျိုးနပ်အောင် ကြိုးစားမယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို" (in my)၊ Mizzima၊ 17 January 2019။
  4. "Myanmar Idol တေးသံရှင် ချမ်းမြေ့မောင်ချိုရဲ့ သီချင်းသစ်-အိပ်မက် (ရုပ်သံ)" (in my)၊ Democratic Voice of Burma၊ 1 March 2019။
  5. "ပထမဆုံးတစ်ကိုယ်တော်သီချင်းအတွက် စိတ်လှုပ်ရှားနေတဲ့ ချမ်းမြေ့မောင်ချို" (in my)၊ 7Day News၊ 1 March 2019။
  6. "ချမ်းမြေ့မောင်ချို၏ ELEVEN တေးစီးရီးသစ် မိတ်ဆက်(ဓာတ်ပုံ)" (in my)၊ Democratic Voice of Burma၊ 23 December 2019။
  7. "မြန်မာအိုင်ဒေါတေးသံရှင် ချမ်းမြေ့မောင်ချို တကိုယ်တော် အယ်လ်ဘမ်ထွက်မည်" (in my)၊ Democratic Voice of Burma၊ 12 December 2019။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.