ခွဲစိတ်ကုပညာ
ခွဲစိတ်ကုပညာသည် လူနာတစ်ဦး၏ ရောဂါကိုစစ်ဆေးရန် သို့မဟုတ် ရောဂါ သို့မဟုတ် ဒဏ်ရာကို ကုသရန်အလို့ငှာ ခွဲစိတ်ကိရိယာများ၏အကူအညီနှင့် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ဆောင်စွမ်းနှင့် ပုံမှန်ပုံပန်းသဏ္ဌာန်ကိုရအောင် ပြန်လည်ပြုပြင်ပေးသော သို့မဟုတ် ပျက်စီးနေသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြန်လည်ပြုပြင်ဖယ်ရှားပေးသော ဆေးပညာအထူးပြုတစ်ရပ်ဖြစ်သည်။ ခွဲစိတ်ကုသမှုပြုလုပ်သောဆရာဝန်ကို ခွဲစိတ်ဆရာဝန်ဟု ခေါ်ပြီး ထိုခွဲစိတ်မှုတွင် အကူအညီပေးသောဆရာဝန်ကို လက်ထောက်ခွဲစိတ်ဆရာဝန် ဟုခေါ်သည်။ ခွဲစိတ်အဖွဲ့တစ်ခုကို ခွဲစိတ်ဆရာဝန်၊လက်ထောက်ခွဲစိတ်ဆရာဝန်၊မေ့ဆေးဆရာဝန်၊သူနာပြု နှင့် ခွဲစိတ်မှုဆိုင်ရာ နည်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
ခွဲစိတ်ကုပညာဆိုသည်မှာ လူ့ခန္တာကိုယ်ရှိ တစ်သျှူးများအပေါ် တိုက်ရိုက်ထိတွေ့ကုသနည်းများပါဝင်သော ပညာရပ်တစ်ခုဖြစ်သည်။
ယေဘုယျအားဖြင့် ကုသမှုလုပ်ငန်းစဉ်တစ်ရပ်တွင် လူနာ၏ ခန္ဓာကိုယ်ရှိ တစ်သျှူးများကို ဖြတ်တောက်ခြင်း ၊ ယခင်ရှိပြီးသား ဒဏ်ရာကို ပြန်လည်ချုပ်ခြင်းတို့စသော လုပ်ငန်းများပါဝင်လာပါက ထိုကုသမှုလုပ်ငန်းစဉ်ကို ခွဲစိတ်ကုသခြင်းဟု သတ်မှတ်သည်။
ခွဲစိတ်မှုပညာသမိုင်း
ဖောက်ခြင်း
သမိုင်းမတိုင်မီ ခေတ်ကတည်းမှ ခွဲစိတ်ကုသမှုနည်းလမ်းများသည် တည်ရှိခဲ့သည်။ သက်သေအခိုင်အမာနှင့် တွေ့ရှိခဲ့သော အစောဆုံး ခွဲစိတ်ကုသမှုသည် ဖောက်ခြင်း(trepanation) ဖြစ်သည်။[1] ၎င်းသည် ဦးခေါင်းခွံကို ဖောက်ကာ အပေါက်တစ်ခုပြုလုပ်ပြီး ဦးနှောက်အမြှေးပါး အပေါ်ဆုံးလွှာကို အပြင်သို့လှစ်ဟခြင်းအားဖြင့် ဦးခေါင်းခွံအတွင်း ဖိအားကြောင့်ဖြစ်ပေါ်လာသော ရောဂါများနှင့် အခြားရောဂါအမျိုးမျိုးကို ကုသခဲ့သောနည်းဖြစ်သည်။
- Capasso, Luigi (2002). Principi di storia della patologia umana: corso di storia della medicina per gli studenti della Facoltà di medicina e chirurgia e della Facoltà di scienze infermieristiche (in Italian). Rome: SEU. ISBN 978-88-87753-65-3. OCLC 50485765