ဂရိတ်စမုတ်ကီတောင်တန်း အမျိုးသားဥယျာဉ်

ဂရိတ်စမုတ်ကီတောင်တန်း အမျိုးသားဥယျာဉ် သည် အမေရိကန်ပြည်ထောင်စုရှိ အပါလေချန်တောင်တန်း၏ အစိတ်အပိုင်း ဘလူးရစ်ချ်တောင်တန်း၏ တစ်စိတ်တစ်ဒေသဖြစ်သော ဂရိတ်စမုတ်ကီ တောင်တန်းများ၏ တောင်ကမ်းပါးတလျှောက်တွင် တည်ရှိသော အမျိုးသားဥယျာဉ်နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည်။ တင်နက်ဆီပြည်နယ် နှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်တို့၏ နယ်စပ်မျဉ်းသည် ဥယျာဉ်၏ အလယ်ခေါင်တည့်တည့်တွင် အရှေ့မြောက်မှ အနောက်တောင်သို့ ဖြတ်၍တည်ရှိသည်။ ဂရိတ်စမုတ်ကီတောင်တန်းသည် အမေရိကန်ပြည်ထောင်စုတွင် လာရောက်လည်ပတ်သူ အများဆုံး အမျိုးသားဥယျာဉ်ဖြစ်ပြီး[1] ၂၀၁၆ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၁၁.၃ သန်းမျှ ရှိသည်။ အပါလေချန် လမ်းကြောသည် မိန်းပြည်နယ်မှ ဂျော်ဂျီယာပြည်နယ်သို့ ဖြတ်သွားရာတွင် ဥယျာဉ်၏ အလယ်မှ ဖြတ်သွားသည်။ ထိုဥယျာဉ်အား အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ ၁၉၃၄တွင် သတ်မှတ်ပေးခဲ့ပြီး အမေရိကန်သမ္မတ ဖရန်ကလင်ဒီ ရုစဗဲ့ မှ ၁၉၄၀ တွင် တရားဝင် သတ်မှတ်ပေးခဲ့သည်။[2]

ဂရိတ်စမုတ်ကီတောင်တန်း အမျိုးသားဥယျာဉ်
IUCN category II (အမျိုးသားဥယျာဉ်)
ကွန်တီတောင်မှ မြင်ရသောပုံ
တည်နေရာဆွိန်းနှင့် ဟေးဝုဒ်ကောင်တီ မြောက်ကယ်ရိုလိုင်းနား ၊ ဆီဗီးယား၊ ဘလောင့်နှင့် ကော့ကီကောင်တီ၊ တင်နက်ဆီ
အမေရိကန်ပြည်ထောင်စု
မြောက်အမေရိက
အနီးဆုံး မြို့ချီရုတ်ကီး၊ မြောက်ကယ်ရိုလိုင်းနား နှင့် ဂတ်တလင်ဘာ့ခ် ၊ တင်နက်ဆီ
ကိုဩဒိနိတ်35°36′N 83°31′W
ဧရိယာ၅၂၂,၄၁၉ ဧက (၂,၁၁၄.၁၅ km2)
လည်ပတ်သူများ၁၁,၄၂၁,၂၀၀ (၂၀၁၈ ခုနှစ်အတွင်း)
အုပ်ချုပ်ရေးအမျိုးသားဥယျာဉ် ဝန်ဆောင်မှု ဌာန
ဝဘ်ဆိုဒ်Mammoth Cave National Park
ဂရိတ်စမုတ်ကီတောင်တန်း အမျိုးသားဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  အမေရိကန်
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii, viii, ix, x
ကိုးကား ၂၅၉
ဒေသ** ဥရောပ နှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဥယျာဉ်သည် အကျယ်အဝန်းအားဖြင့် ၅၂၂,၄၁၉ ဧက (၈၁၆.၂၈ စတုရန်းမိုင်; ၂၁၁,၄၁၅.၄၇ ဟက်တာ; ၂,၁၁၄.၁၅ စတုရန်း ကီလိုမီတာ) ရှိသဖြင့် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းတွင်း အကျယ်ပြန့်ဆုံး ထိန်းသိမ်းစောင့်ရှောက်ထားသည့် နယ်မြေတစ်ခုဖြစ်သည်။ ဥယျာဉ်၏ အဓိကဝင်ပေါက်မှာ အမေရိကန် ဟိုင်းဝေး ၄၄၁ နှင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချီရုတ်ကီးမြို့တွင် တည်ရှိသည်။ ဂရိတ်စမုတ်ကီတောင်တန်းသည် ၎င်း၏ မြေနှင့် အခြားအဖိုးအခများကို ဖက်ဒရယ်ရန်ပုံငွေမှ ပထမဆုံး သုံးစွဲသော ဥယျာဉ်ဖြစ်ပြီး ယခင်က အခြားတည်ထောင်ခဲ့သော ဥယျာဉ်များမှာ ပြည်နယ် ရန်ပုံငွေ သို့မဟုတ် ပုဂ္ဂလိက ရန်ပုံငွေများမှ သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။[3]

ကိုးကား

  1. GSMNP main page - National Park Service
  2. GSMNP stories - National Park Service
  3. The National Parks: America's Best Idea Ken Burns, broadcast on PBS.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.