ဂိုရယ်မဲ အမျိုးသားဥယျာဉ်

ဂိုရယ်မဲ အမျိုးသားဥယျာဉ် သည် တူရကီနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁၀၀ စတုရန်းကီလိုမီတာ (၃၉ စတုရန်းမိုင်) မျှ ရှိပြီး နက်ဗ်ရှီဟာ ပြည်နယ်တွင် တည်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် ဂိုရယ်မဲ အမျိုးသားဥယျာဉ် နှင့် ကပ်ပါဒိုရှာ ကျောက်ထွင်းဒေသ အမည်ဖြင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ထည့်သွင်းခြင်း ခံရသည်။ ထိုဥယျာဉ်တွင် ကျောက်တုံးထူထပ်ပြီး ရေလေတို့ တိုက်စားခြင်းခံထားရသော ရှုမျှော်ခင်းများနှင့် မြေအောက်တွင် အချင်းချင်း ဆက်သွယ်ထားသော ရှေးခေတ် ကွန်ယက် လှိုဏ်ခေါင်းများကြောင့် ထင်ရှားသည်။.[1]

ဂိုရယ်မဲ အမျိုးသားဥယျာဉ်
Göreme Tarihî Millî Parkı
Göreme National Park
တည်နေရာနက်ရှေဟေးပြည်နယ်၊ တူရကီနိုင်ငံ
ကိုဩဒိနိတ်38°39′10″N 34°51′47″E
ဧရိယာ၉,၈၈၄ ha (၂၄,၄၂၀ ဧက)
ဝဘ်ဆိုဒ်အင်တာနက်စာမျက်နှာ
တရားဝင်အမည်ဂိုရယ်မဲ အမျိုးသားဥယျာဉ်နှင့် ကပ်ပါဒိုရှာ ကျောက်ထွင်းဒေသ
အမျိုးအစားသဘာဝ၊ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းi, iii, v, vii
ရွေးချယ်ခြင်း1985 (9th session)
ရည်ညွှန်းနံပါတ်357
ဒေသအနောက်အာရှ

ကိုးကား

  1. Goreme (Göreme) Historical National Park National Parks of Turkey။ 27 April 2019 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.