ဂီတဉ္စလီ

ဂီတဉ္စလီ (ဘင်္ဂါလီ: গীতাঞ্জলি) သည် အိန္ဒိယလူမျိုး ကဗျာဆရာ ရာဘင်ဒြာနတ် တဂိုး၏ ကဗျာပေါင်းချုပ်ဖြစ်သည်။ ဘင်္ဂါလီဘာသာဖြင့် ရေးသားထားသော မူရင်းကဗျာပေါင်းချုပ် ၁၅၇ ပုဒ်အား ၁၉၁ဝ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် Gitanjali အား ဘာသာပြန်အပါဝင် တဂိုးကိုယ်တိုင် ရေးသားထားသော ကဗျာပေါင်း ၁ဝ၃ ပုဒ်အား ၁၉၁၂ ခုနှစ် နိုဝင်ဘာလတွင် လန်ဒန်အခြေစိုက် အိန္ဒိယလူမှုအသင်းမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းတွင် မူရင်း ဘင်္ဂါလီကဗျာမှ ဘာသာပြန်ကဗျာ ၅၃ ပုဒ်အပါအဝင် အခြားကဗျာစာအုပ်တို့မှ ကဗျာပေါင်း ၅ဝ ဖြည့်စွက်ထားသည်။[1][2] ဘာသာပြန်ခြင်းအား အင်္ဂလန်ပြည်တွင် ဦးစားပေးလုပ်ဆောင်ခဲ့သည်။ တဂိုးသည် အင်္ဂလိပ်ဘာသာဖြင့်ရေးသားသည့် ဂီတဉ္စလီအတွက် ၁၉၁၃ ခုနှစ်တွင် ဥရောပသားမဟုတ်သော ပထမဆုံး စာပေဆိုင်ရာရာ နိုဗယ်ဆုရှင် ဖြစ်လာခဲ့သည်။[3] တဂိုးသည် အနောက်နိုင်ငံတွင် နာမည်ကြီးလာပြီး သူ၏ကဗျာများအား တွင်ကျယ်စွာ ဘာသာပြန်ဆိုကြလေသည်။[3]

ဂီတဉ္စလီ
ဂီတဉ္စလီခေါင်းစဉ်စာမျက်နှာ
စာရေးသူရာဘင်ဒြာနတ် တဂိုး
မူလခေါင်းစဉ်গীতাঞ্জলি
နိုင်ငံအိန္ဒိယနိုင်ငံ
ဘာသာစကားအင်္ဂလိပ်ဘာသာဘင်္ဂါလီဘာသာ
အကြောင်းအရာဘုရားရှင်အား ချစ်မြတ်နိုးခြင်း
အမျိုးအစားကဗျာ
ထုတ်ဝေသည့်ရက်
၁၉၁၀
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း
၁၉၁၂



ကဗျာများ

ကဗျာများသည် ဆန်းကြယ်ဘိသကဲ့သို့ ဘင်္ဂါလီဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုရာတွင် မူရင်းအရသာ အနည်းငယ် ပျက်စီးသွားခဲ့သည်ဟုဆိုသည်။ မြန်မာဘာသာသို့ ပြန်ဆိုထားသော တဂိုး၏ ကဗျာများသည်လည်း နာမည်ကျော်ကြားလှသည်။ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် ဘင်္ဂါလီဘာသာမှ တိုက်ရိုက်ပြန်ဆိုသည်မဟုတ်ဘဲ အင်္ဂလိပ်ဘာသာမှတဆင့် ပြန်ဆိုထားသည်ဖြစ်ရာ မူရင်းအာရသာမှာ ပိုမိုတိမ်းစောင့်နိုင်ဖွယ်ရာရှိသော်လည်း တဂိုး၏ ကဗျာများသည် ကောင်းမြဲကောင်းလျက်ပင် ရှိချေသည်။ ယင်းကဗျာမှ စာပိုဒ် ၅၇ အား ထုတ်ပြရသော်

အလင်းရောင်၊ ကျွန်ုပ်၏အလင်းရောင်၊ ကမ္ဘာအားလွှမ်းခြုံထားသော အလင်းရောင် မျက်လုံးအား အနမ်းပေးသော အလင်းရောင်၊ နှလုံးသည်းပွတ် အလင်းရောင် အို အလင်းရောင်ကား ကခုန်နေ၏၊ မောင့်သက်ထား ငါ့နှလုံးသား၏ ဗဟိုကျရာ၊ အလင်းက ရိုက်ခတ်တယ် အချစ်လေး၊ ငါ့နှလုံးသား၏ စောင်းကြိုးသံ၊ ကောင်းကင်၏ကဗျာ၊ လေပွေကတော့ ကမ္ဘာမြေပေါ် ရယ်မောသွားလေရဲ့၊ လိပ်ပြာငယ်များကား အလင်းကမ္ဘာပေါ် သူတို့၏ရွက်များအား ဖြန့်ကျက်ထားလေသည်၊ ကြာပန်းများနှင့် စံပယ်ပန်းတို့ကား အလင်းလှိုင်းကြားတွင် လှိမ့်တက်နေ၏၊ အချစ်လေး အလင်းဟာ တိမ်တိုက်တိုင်းမှာ ရွှေရောင်ချထားလေရဲ့၊

အခြားကြည့်ရန်

ကျမ်းကိုး

  1. "Centenary of "Gitanjali"" Frontier Weekly 14 August 2012 တွင် ပြန်စစ်ပြီး။
  2. Ghosal၊ Sukriti။ The Language of Gitanjali: the Paradoxical Matrix The Criterion: An International Journal in English 14 August 2012 တွင် ပြန်စစ်ပြီး။
  3. Gitanjali: Selected Poems (2010-07-30)။ Gitanjali: Selected Poems School of Wisdom။ 21 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-07-11 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.