ဘင်္ဂါလီဘာသာစကား

ဘင်္ဂါလီဘာသာသည် အရှေ့တိုင်း အင်ဒို-အာရိယာန် ဘာသာစကားတစ်မျိုး ဖြစ်သည်။ တောင်အာရှရှိ ဘင်္ဂလားဒေသဟု ခေါ်သည့် ဒေသ တစ်ခုတွင် မြစ်ဖျားခံသည်။ ဘင်္ဂလားဒေသ ဆိုသည်မှာ ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံ အတွင်းရှိ အနောက် ဘင်္ဂလား ပြည်နယ်တစ်ခုလုံးနှင့် ထရိပူရ နှင့် အာသံပြည်နယ်တို့၏ တစိတ်တပိုင်း ပါဝင်သည်။ ဘင်္ဂါလီဘာသာကို ဘင်္ဂါလီစကားလုံးများဖြင့် ရေးသားကြသည်။ စုစုပေါင်း ပြောဆိုသုံးစွဲသူ သန်း ၃၀၀ မျှ ရှိသဖြင့် ဘင်္ဂါလီ ဘာသာစကားသည် ကမ္ဘာပေါ်တွင် ဆဌမမြောက် အသုံးအများဆုံး ဘာသာစကားဖြစ်သည်။

ဘင်္ဂါလီ စကားလုံး ဘင်္ဂလား

အခြားသော အရှေ့တိုင်း အင်ဒို-အာရိယာန် ဘာသာစကားများနှင့် အတူ ဘင်္ဂါလီဘာသာစကားသည် အေဒီ ၁၀၀၀ မှ ၁၂၀၀ ဝန်းကျင် ကာလ တွင် မဂါဒီ ပရာကရစ် (ဗေဒ နှင့် ဂန္ထဝင် သင်္သကရိုက်ဘာသာ အမျိုးကွဲများမှ ကွဲပြားခြားနားစွာ ပေါ်ပေါက်လာသည့် ဘာသာစကား) ဘာသာမှ ကူးပြောင်း ပေါ်ပေါက်လာခဲ့ ခြင်း ဖြစ်သည်။ ယခုအခါတွင် ဘင်္ဂါလီဘာသာစကားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက ဘာသာစကားဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် ဒုတိယမြောက် အသုံးအများဆုံး ဘာသာစကား တစ်ခု ဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.