ဂေါ့ဖရိဒ် ဝီလ်ဟမ် လိုက်ဘနစ်

ဂေါ့ဖရိဒ် ဝီလ်ဟမ် (ဗွန်) လိုက်ဘနစ် (အင်္ဂလိပ်: Gottfried Wilhelm (von) Leibniz, /ˈlbnɪts/;[1] ဂျာမန်: [ˈɡɔtfʁiːt ˈvɪlhɛlm fɔn ˈlaɪbnɪts][2] သို့မဟုတ် [ˈlaɪpnɪts];[3] ပြင်သစ်: Godefroi Guillaume Leibnitz; ဇူလိုင် ၁၊ ၁၆၄၆ – နိုဝင်ဘာ ၁၄၊ ၁၇၁၆) သည် ဂျာမန် စွယ်စုံရပညာရှင်နှင့် အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်ပြီး ဒစ်ဖရန်ရှယ် နှင့် အင်တီဂရယ် ကဲကုလပ်ကို နယူတန်နှင့် အပြိုင် သီးခြားစွာ စတင်ဖော်ထုတ်ခဲ့နိုင်ခဲ့သည့် ကဲကုလပ်၏ ဖခင်တစ်ဦးအဖြစ် သင်္ချာသမိုင်းတွင် ကျော်ကြားသည်။ လိုင်းဘနစ်သည် ကျော်ကြားသော စက်မှု တွက်ချက်စက် ဖန်တီးသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် ကွန်ပျူတာ၏ အုတ်မြစ်ဖြစ်သော ဘိုင်နရီကိန်းစနစ်ကို ပြန်လည်စီပေးခဲ့သည်။ နည်းပညာနှင့် ရူပဗေဒတို့တွင် လိုင်းဘနစ်သည် ပါဝင်ကူညီပေးခဲ့သည့်အပြင် ဘာသာစကားများစွာဖြင့် ရေးသားပေးခဲ့သည်။ သို့သော် လက်တင်ဘာသာ၊ ပြင်သစ်နှင့် ဂျာမန်ဘာသာတို့ဖြင့် အဓိက ရေးသားခဲ့သည်။[4] လိုင်းဘနစ်၏ အပြည့်အစုံ ရေးသားမှုကိုမူ ရှာမတွေ့ခဲ့ပေ။[5]

အညွှန်း

  1. Collins 1998.
  2. Mangold 2005.
  3. Krech et al. 2010.
  4. Roughly 40%, 35%, and 25%, respectively.www.gwlb.de. Leibniz-Nachlass (i.e. Legacy of Leibniz), Gottfried Wilhelm Leibniz Bibliothek (one of the three Official Libraries of the German state Lower Saxony).
  5. Baird၊ Forrest E.; Walter Kaufmann (2008)။ From Plato to Derrida။ Upper Saddle River, New Jersey: Pearson Prentice Hall။ ISBN 0-13-158591-6

ကိုးကား

  • Collins (1998)၊ "Leibniz"Collins English Dictionary၊ HarperCollins PublishersMarch 1, 2017 တွင် ပြန်စစ်ပြီး
  • Mangold၊ Max, ed. (2005)၊ Duden-Aussprachewörterbuch (Duden Pronunciation Dictionary) (7th ed.)၊ Mannheim: Bibliographisches Institut GmbH၊ ISBN 978-3-411-04066-7
  • Krech၊ Eva-Maria; et al., eds. (2010)၊ Deutsches Aussprachewörterbuch (German Pronunciation Dictionary) (1st ed.)၊ Berlin: Walter de Gruyter GmbH & Co. KG၊ ISBN 978-3-11-018203-3 Explicit use of et al. in: |editor-last= (အကူအညီ)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.