ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ်
ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ် သည် နာဆာ၏ စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းသည် တည်ဆောက်နေဆဲဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် လွှင့်တင်ရန် မှန်းထားသည်။ ဟာဘယ် အာကာသ တယ်လီစကုပ်၏ မှန်ထက် ပိုကြီးပြီး ကမ္ဘာ-နေ ကြားမှ ဆုံမှတ် L2 နေရာ၌ ထားမည်ဖြစ်သည်။ ကြီးမားသော နေရောင်ကွယ်အကာသည် သိပ္ပံဆိုင်ရာကိရိယာများအား အပူချိန် ၅၀ ကေလ်ဘင်သို့ အအေးပေးထားမည်ဖြစ်သည်။ တယ်လီစကုပ်သည် စကြာဝဠာဗေဒ၊ နက္ခတ္တဗေဒနယ်ပယ်များ၏ စူးစမ်းလေ့လာရေးအတွက် များစွာ အထောက်အကူပေးမည်ဖြစ်သည်။[5] ရည်မှန်းချက် နောက်တစ်ခုမှာ စကြာဝဠာ၏ အဝေးဆုံးနေရာမှ အရာဝတ္ထုများကို လေ့လာရန်ဖြစ်သည်။ ယင်းကဲ့သို့သော ပစ်မှတ်များသည် မြေပြင်အခြေစိုက် ယနေ့ခေတ်တယ်လီစကုပ်များဖြင့် လက်လှမ်းမမှီပေ။ အခြားသော ရည်မှန်းချက်မှာ ကြယ်တာရာ တည်ဆောက်ပုံ၊ ဂြိုဟ်များ တည်ဆောက်ပုံတို့အား နားလည်ရန် ဖြစ်သည်။ ၁၉၉၆ ခုနှစ်ကတည်းက [6] နာဆာ၏ အဖွဲ့ဝင်များဖြစ်သော ဥရောပ အာကာသ အေဂျင်စီ၊ ကနေဒါ အာကာသ အေဂျင်စီတို့ဖြင့် ပူးပေါင်းခဲ့သည်။[7] ယင်းအား နာဆာ၏ အပိုလိုစီမံကိန်းတွင် အဓိကနေရာ၌ ပါဝင်ခဲ့သူ James E. Webb အားဂုဏ်ပြုသောအားဖြင့် အမည်ပေးခဲ့သည်။[8] နာဆာသည် ဂျိန်းစ် အာကာသ တယ်လီစကုပ်အား ဟာဘယ် အာကာသ တယ်လီစကုပ်၏ ဆက်ခံသူအဖြစ် ဖော်ပြခဲ့သည်။ သို့သော် စွမ်းဆောင်ရည်ချင်း မတူညီပေ။ [9] တယ်လီစကုပ်တွင် ယခင်ကထက် ပိုဝေးသောနေရာမှ အရာဝတ္ထုများကို မြင်နိုင်စွမ်းရှိသည့် ကိရိယာများ ပါဝင်သည်။[10] ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် နာဆာက တယ်လီစကုပ်၏ ပင်မမှန်များကို ပြီးစီးကြောင်းနှင့် ပြင်းထန်သည့် တုန်ခါမှုကို ခံနိုင်ရန် စမ်းသပ်နေကြောင်း ကြေငြာခဲ့သည်။[11][12]
![]() Six out of 18 mirrors of the James Webb Space Telescope being subjected to temperature dipping test | |||||||||||||
နာမည် | Next Generation Space Telescope James Webb Space Telescope | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
မက်ရှင်အမျိုးအစား | နက္ခတ္တဗေဒ | ||||||||||||
အော်ပရေတာ | NASA / ESA / CSA / STScI[1] | ||||||||||||
ဝဒ်ဆိုဒ် | jwst.nasa.gov sci.esa.int/jwst asc-csa.gc.ca stsci.edu/jwst | ||||||||||||
မက်ရှင်ကြာမြင့်ချိန် | ၅ နှစ် (ဒီဇိုင်း) ၁၀ နှစ် (ရည်မှန်းချက်) | ||||||||||||
အာကာသယာဉ် ဂုဏ်သတ္တိများ | |||||||||||||
ထုတ်လုပ်သူ | Northrop Grumman Ball Aerospace & Technologies | ||||||||||||
ပစ်လွှတ် ထုထည် | ၆,၅၀၀ kg (၁၄,၃၀၀ lb)[2] | ||||||||||||
ဒိုင်မင်းရှင်း | ၂၀.၁၉၇ m × ၁၄.၁၆၂ m (၆၆.၂၆ ft × ၄၆.၄၆ ft) (sunshield) | ||||||||||||
ပါဝါ | 2,000 watts | ||||||||||||
မက်ရှင် စတင်ခြင်း | |||||||||||||
ပစ်လွှတ်နေ့ | 2019[3] | ||||||||||||
ဒုံးပျံ | Ariane 5 | ||||||||||||
ပစ်လွှတ်နေရာ | Guiana Space Centre | ||||||||||||
ကွန်ထရစ်တာ | Arianespace | ||||||||||||
ပတ်လမ်း ပါရာမီတာများ | |||||||||||||
ရည်ညွန်းစနစ် | Sun–Earth L2 | ||||||||||||
အုပ်စု | Halo orbit | ||||||||||||
Periapsis | ၃၇၄,၀၀၀ km (၂၃၂,၀၀၀ mi)[4] | ||||||||||||
Apoapsis | ၁,၅၀၀,၀၀၀ km (၉၃၀,၀၀၀ mi)[4] | ||||||||||||
ကာလ | ၆ လ | ||||||||||||
Epoch | planned | ||||||||||||
ပင်မ | |||||||||||||
အမျိုးအစား | Korsch telescope | ||||||||||||
အချင်း | ၆.၅ m (၂၁ ft) | ||||||||||||
ဖိုကယ် အလျား | ၁၃၁.၄ m (၄၃၁ ft) | ||||||||||||
စုဆောင်း ဧရိယာ | ၂၅ m2 (၂၇၀ sq ft) | ||||||||||||
လှိုင်းအလျား | from 0.6 µm (orange) to 28.5 µm (mid-infrared) | ||||||||||||
ဆက်သွယ်ရေးများ | |||||||||||||
Band | S-band (TT&C support) Ka band (data acquisition) | ||||||||||||
Bandwidth | S-band up: 16 kbit/s S-band down: 40 kbit/s Ka band down: up to 28 Mbit/s | ||||||||||||
| |||||||||||||
![]() James Webb Space Telescope insignia |
ကိုးကား
- NASA JWST FAQ "Who are the partners in the Webb project?"။ NASA။ 18 November 2011 တွင် ပြန်စစ်ပြီး။
- JWST - Frequently Asked Questions။ NASA။ 29 June 2015 တွင် ပြန်စစ်ပြီး။
- JWST factsheet။ ESA (2013-09-04)။ 2013-09-07 တွင် ပြန်စစ်ပြီး။
- JWST (James Webb Space Telescope)။ ESA eoPortal။ 29 June 2015 တွင် ပြန်စစ်ပြီး။
- JWST vital facts: mission goals။ NASA James Webb Space Telescope (2017)။ 29 January 2017 တွင် ပြန်စစ်ပြီး။
- ESA JWST Timeline။ 13 January 2012 တွင် ပြန်စစ်ပြီး။
- About the James Webb Space Telescope။ 13 January 2012 တွင် ပြန်စစ်ပြီး။
- During၊ John။ The James Webb Space Telescope။ The James Webb Space Telescope။ National Aeronautics and Space Administration။ 2011-12-31 တွင် ပြန်စစ်ပြီး။
- How does the Webb Contrast with Hubble?။ JWST Home - NASA (2016)။ 4 December 2016 တွင် ပြန်စစ်ပြီး။
- James Webb Space Telescope. JWST History: 1989-1994။ Space Telescope Science Institute, Baltimore, MD (2017)။ 3 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2017 တွင် ပြန်စစ်ပြီး။
- James Webb Space Telescope observatory is assembled။ Space Daily (29 December 2016)။ 3 February 2017 တွင် ပြန်စစ်ပြီး။
- Foust, Jeff (23 December 2016)။ No damage to JWST after vibration test anomaly။ Space News။ 3 February 2017 တွင် ပြန်စစ်ပြီး။