ဂျူးရားတောင်တန်း

ဂျူးရားတောင်တန်းသည် ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံ ၂ ခုကြားတွင် အရှေ့မြောက်မှ အနောက်တောင်သို့ တန်းလျက် တည်ရှိသည်။ အကျယ်အားဖြင့် ၃၈ မိုင်ခန့်ရှိ၍ ၁၅၆ မိုင် ရှည်လျားသည်။ တောင်တန်း၏ အလယ်ကို ချန်လှပ်၍ အခြား နေရာများတွင် မြစ်များနှင့် နက်ရှိုင်းသော တောင်ကြားများ ဖြတ်သန်းလျက်ရှိသည်။ အနောက်ဘက်တွင် တောင်တန်းသည် ပြင်သစ်နိုင်ငံတွင်းရှိ မြေနိမ့်ပိုင်းသို့ ခပ်ပြေပြေ နိမ့်ဆင်းသွား သည်။ အရှေ့ဖက်၌မူကား တောင်များသည် အလွန်မတ်စောက် ၍ တောင်ပေါ်ချောင်းတို့သည် ဂျီနီးဗားနှင့် နျူရှားတဲအိုင်များသို့ ဒလဟော စီးဆင်းကြသည်။ တောင်တန်း၏ မြောက်ဖက်အစွန် ဆုံးတွင် ထင်ရှားကျော်စောသော ဗဲဲလဖောတောင်ကြား ရှိ၏။

Jura Mountains
Looking towards Lélex from near the Crêt de la Neige
အမြင့်ဆုံးအမှတ်
တောင်ထွတ်Crêt de la Neige
အမြင့်၁,၇၂၀ m (၅,၆၄၀ ft)
ကိုဩဒိနိတ်46°16′15″N 5°56′22″E
ပထဝီဝင်
Satellite image of the Jura Mountains (upper left half of the image)
နိုင်ငံများပြင်သစ်နိုင်ငံ နှင့် ဆွစ်ဇာလန်နိုင်ငံ
ပြည်နယ်များ/စီရင်စုများ
တောင်တန်း ကိုဩဒိနိတ်46°40′N 6°15′E

ထိုတောင်ကြားလမ်းမှာ လူနေအစည်ကားဆုံးဖြစ်သော ပြင်သစ် နိုင်ငံတွင်းရှိ ဒေသကို ဖြတ်သွားလေရကား ပြင်သစ်နိုင်ငံ၏ အိမ်ရှေ့တံခါးပေါက်ဟု ဆိုနိုင်သည်။ ဂျူးရားတောင်တန်း၏ အနောက်တောင်ပိုင်းတွင် သစ်ပင်များ အလွန်ထူထပ်စွာ ပေါက် ရောက်လျက်ရှိသည်။ ထိုသစ်တောမှရသော သစ်သားတစ်မျိုးကို ကလေးကစားစရာပြုလုပ်ရန် အသုံးချကြသည်။ တောင်တန်း၏ ကုန်းမြင့်ဒေသတို့တွင် မြက်ခင်းလွင်ပြင်များရှိလေရာ ထိုဒေသ၌ သိုးကိုမွေးမြူကြသည်။ ဂျုံကိုလည်း စိုက်ကြသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.