ငစိုး၊ သာဂရ

ဆရာကြီးဦးစိုးမောင်ကို အဖ ဦးလူဒင်၊ အမိ ဒေါ်အုန်းမေတို့က ၁၉၂၀-ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထားဝယ်မြို့တွင် မွေးဖွားခဲ့ပါသည်။ ကလောင်အမည် မှာ သာဂရ-ငစိုး ဖြစ်သည်။

၁၉၃၂-ခုနှစ်တွင် ထားဝယ်မြို့၊ အင်္ဂလိပ်-မြန်မာအထက်တန်းကျောင်းတွင် အလယ်တန်းပညာကို သင်ယူခဲ့သည်။ ၁၉၃၅-ခုနှစ်တွင် ထားဝယ်မြို့၊ အင်္ဂလိပ်-မြန်မာအထက်တန်းကျောင်းက တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းအောင်မြင်ခဲ့သည်။

ဆရာကြီးသည် ၁၉၃၉-ခုနှစ်မှ ၁၉၄၀-ပြည့်နှစ်အထိ ငွေစာရင်းမင်းကြီးရုံးတွင် အထက်တန်းစာရေး၊ ၁၉၄၁-ခုနှစ်တွင် စာရေးဆရာအသင်းတွင် လက်ထောက်စာကြည့်တိုက်မှူး၊ ၁၉၄၂-ခုနှစ်တွင် ဂရိတ်အေးရှား (ဂျပန်) တွင် ဘာသာပြန်အယ်ဒီတာ၊ ၁၉၄၃-ခုနှစ်မှ ၁၉၄၅-ခုနှစ်ထိ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ဆက်ဆံရေးဌာနတွင် သတင်းပြန်ကြားရေးမှူး၊ ၁၉၄၆-ခုနှစ်မှ ၁၉၄၇-ခုနှစ်ထိ ဗမာ့ခေတ်သတင်းစာတွင် ဘာသာပြန်အယ်ဒီတာ၊ ၁၉၄၇-ခုနှစ်မှ ၁၉၅၂-ခုနှစ်တွင် မြန်မာ့အလင်း သတင်းစာတွင် လက်ထောက်အယ်ဒီတာ၊ သွေးသောက်မဂ္ဂဇင်းတွင် အယ်ဒီတာ၊ ကျောင်းသားသတင်းစာတွင် တွဲဘက်အယ်ဒီတာ၊ ၁၉၅၂-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ မြန်မာ့အလင်း သတင်းစာတွင် တာဝန်ခံအယ်ဒီတာ၊ ၁၉၆၇-ခုနှစ်မှ ၁၉၆၉-ခုနှစ်အထိ လုပ်သားပိုင်မြန်မာ့အလင်းသတင်းစာတွင် မန်နေဂျင်းဒါရိုက်တာ၊ ၁၉၆၉-ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ မြန်မာ့အလင်းသတင်းစာတွင် အယ်ဒီတာချုပ် တာဝန် များကို ထမ်းဆောင်ခဲ့သည်။

၁၉၈၆-ခုနှစ်မှ ကွယ်လွန်ချိန် ၁၉၉၈-ခုနှစ်အထိ မြန်မာစာအဖွဲ့တွင် မြန်မာစာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ကျမ်းကိုး

    ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာန

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.