ငုရင်ဂီယက်

ပြင်သစ်နှင့် အမေရိကန်တို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည့် ဗီယက်နမ် ဗိုလ်ချုပ်ကြီး ငုရင် ဂီယက်( Vo Nguyen Giap ) သည် ၂၀၁၃ စက်တင်ဘာ ၅ ရက်၌ အသက် ၁၀၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

Võ Nguyên Giáp
Deputy Prime Minister of Vietnam
တာဝန်သက်တမ်း
January 1980  December 1986
ဝန်ကြီးချုပ်Phạm Văn Đồng
3rd, 5th Minister of Defence
တာဝန်သက်တမ်း
11 May 1946  8 May 1947
သမ္မတဟိုချီမင်း
Tôn Đức Thắng
ဝန်ကြီးချုပ်ဟိုချီမင်း
ယခင်လူPhan Anh
ဆက်ခံသူTạ Quang Bửu
တာဝန်သက်တမ်း
8 May 1948  February 1980
ဝန်ကြီးချုပ်ဟိုချီမင်း
Phạm Văn Đồng
ယခင်လူTạ Quang Bửu
ဆက်ခံသူVăn Tiến Dũng
Member of the Politburo
တာဝန်သက်တမ်း
February 1951  December 1986
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1911-08-25)၂၅ ဩဂုတ်၊ ၁၉၁၁
Lệ Thủy, Quảng Bình, French Indochina
ကွယ်လွန်၄ အောက်တိုဘာ၊ ၂၀၁၃(2013-10-04) (အသက် ၁၀၂)
ဟနွိင်း ဗီယက်နမ်
ဆုတံဆိပ်များ

  • Resolution for Victory Order
လက်မှတ်
စစ်မှုထမ်းခြင်း
နာမည်ပြောင်Văn
သစ္စာခံနိုင်ငံ ဗီယက်နမ်
တပ်/တပ်ဖွဲ့ခွဲ Vietnam People's Army
အမှုထမ်းကာလ၁၉၄၄–၉၁
ရာထူး General
Commands
  • Vietnam People's Army
တိုက်ပွဲ/စစ်ပွဲများ

၁၉၅၄ ခုနှစ်တွင် ဒိန်ဖန်ဖူး (Dien Bien Phu) ၌ ပြင်သစ်တပ်ဖွဲ့များကို အောင်မြင်စွာ ဦးဆောင် တိုက်ထုတ်နိုင်ခဲ့ရာ ဒေသတွင်းတွင် ပြင်သစ် ကိုလိုနီ အုပ်ချုပ်မှှု အဆုံးသတ်သွားခဲ့သည်။ တောင်ဗီယက်နမ် တပ်ဖွဲ့များကို ကူညီနေခဲ့သည့် အမေရိကန် တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ၁၉၆၈ ခုနှစ် တက် (Tet) စစ်ဆင်ရေုးကို မြောက်ဗီယက်နမ်တို့ ပြုလုပ်ခဲ့စဉ်က ဗိုလ်ချုပ်ကြီး ငုရင် ဂီယက် သည် မြောက်ဗီယက်နမ်၏ ကာကွယ်ရေး ဝန်ကြီး ဖြစ်သည်။ အမေရိကန် တပ်ဖွဲ့များ ဗီယက်နမ်မှ ဆုတ်ခွာရေးတွင် ထိုစစ်ဆင်ရေးမှာ အဓိက ကျသည့် စစ်ဆင်ရေး တစ်ခုဟု ဆိုကြသည်။ ဗိုလ်ချုပ်ကြီး ငုရင် ဂီယက် သည် စစ်မဟာဗျူဟာ နှင့် ပတ်သတ်သည့် စာအုပ်စာတမ်း တချို့ကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ကြီး ငုရင် ဂီယက် မှာ လယ်သမား မိသားစုမှ မွေးဖွားလာခဲ့သူ ဖြစ်ပြီး၊ ထိုအချိန်က ပြင်သစ် အင်ဒိုချိုင်းနား ပိုင်နက် အတွင်းရှိ Quang Binh ပြည်နယ် အလယ်ပိုင်းတွင် ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ သူသည် အသက် ၁၄ နှစ် အရွယ်တွင် မြေအောက် တော်လှန်ရေး လှှုပ်ရှားမှှု အဖွဲ့ တစ်ဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဟိုချီမင်း ခေါင်းဆောင်သည့် အင်ဒိုချိုင်းနား ကွန်မြူနစ် ပါတီ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့ပြီး၊ ဗီယက်နမ်ကို ဂျပန်များ မကျူးကျော်မီတွင် ဟိုချီမင်းနှင့် အတူ တရုတ်နိုင်ငံသို့ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ တရုတ်နိုင်ငံသို့ တိမ်းရှောင်နေစဉ် ကာလအတွင်း ၌ ဗိုလ်ချုပ်ကြီး Giap သည် စစ်တပ် တစ်ခု ဖွဲ့စည်းခဲ့သည်။ ထို့နောက် ကျူးကျော် ဝင်ရောက်လာသော ဂျပန်များကို ပြောက်ကျားစစ် ဆင်နွှဲရန်အတွက် အင်ဒိုချိုင်းနား သို့ ပြန်လာခဲ့သည်။ သူ ဗီယက်နမ် ပြင်ပသို့ ရောက်ရှိနေချိန်တွင် သူ၏ ပထမ ဇနီးမှာ အဖမ်းခံခဲ့ရပြီး ပြင်သစ်အကျဉ်းထောင် တစ်ခုထဲတွင် သေဆုံးသွားခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထပ်မံ လက်ထပ်ခဲ့ပြီး သမီး သုံးဦးနှင့် သား နှစ်ဦး ထွန်းကားခဲ့သည်။ ပြင်သစ်တို့ကို တိုက်ထုတ်ခဲ့သည့် စစ်ပွဲအတွင်းက သူ၏ အခန်းကဏ္႑အပြင်၊ ၁၉၆၈ ခုနှစ်က၊ အမေရိကန် တပ်ဖွဲ့များကို တိုက်ထုတ်ခဲ့သည့် တက် (Tet) စစ်ဆင်ရေးတွင် သူ၏ ဦးဆောင်မှှုကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။ သူ၏ အမိန့်အောက်တွင် မြောက်ဗီယက်နမ် တပ်ဖွဲ့များသည် မြို့ပေါင်း ၄၀ ကျော်ကို တိုက်ခိုက်ခဲ့ကြကာ၊ ထိုစဉ်က တောင်ဗီယက်နမ်၏ မြို့တော် ဖြစ်သည့် ဆိုင်ဂုံသို့ ဝင်ရောက်ခဲ့ကြကာ အမေရိကန် သံရုံးကိုလည်း ခေတ္တ သိမ်းပိုက် ခဲ့သည်။ သို့ရာတွင် သူ့အနေဖြင့် ထိုစစ်ဆင်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ သူသည် ထိုစဉ်က ဘူဒါပက်စ်မြို့တွင် ရောက်ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုစစ်ပွဲ အပြီးတွင် ဗိုလ်ချုပ်ကြီး ငုရင် ဂီယက် သည် သူ၏ ကာကွယ်ရေး ဝန်ကြီး ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဒုတိယ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် အစိုးရ အဖွဲ့၏ ဘေးဖယ်ပထုတ်ထားမှှုကို ခံခဲ့ရပြီး၊ နောက်ထပ် ခြောက်နှစ်အကြာ ၌ အစိုးရ အဖွဲ့မှ အငြိမ်းစား ယူခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.